ထိုမတော်တဆမှု၏ နောက်ကယ်မှ တရားခံက ထိုရေကူးကန်တွင် ရှိနေခဲ့လောက်သည်။

နင်မုန့်က ထိုအကြောင်းကို တွေးမိသော အခါ ကျောစိမ့်သွားပြီး မျက်နှာက ဖြူဖျော့သွားသည်။ သူမက ထိုအဓိပ္ပာယ်ကို တွေးနေသော အချိန်တွင် သူမ၏ နှလုံးသား များက ဖျစ်ညှစ်ခံရသလိုမျိုး စိုးရိမ်မှုများဖြင့် ပြည့်နှက်လာသည်။

စနစ်နေဖြင့် သူမကို ခန္ဓာကိုယ် ဖန်တီးပေးရန် မလွယ်ကူခဲ့ချေ။ ထိုသို့ ဖန်တီးရန် အချိန်ကလည်း အလွန်ကြာခဲ့သည်။ ခန္ဓာကိုယ် တစ်ခုအတွက် ၇နှစ်ပင် ကြာခဲ့သည်။ ထိုဖြစ်စဉ်က မန်နင်၏ ခန္ဓာကိုယ်ကို မပိုင်ဆီးခင် ကတည်းက စတင်ခဲ့ခြင်းလည်း ဖြစ်နေသေးသည်။ အကယ်၍ ဒီတစ်ကြိမ်သာ ထပ်ဖြစ်ဦးမည် ဆိုလျှင် ရှီချီက ရူးသွားလောက်သည်။

နင်မုန့်က တစ်ခဏအကြာ တွေးတောနေခဲ့ ပြီးနောက် ရှီချီကို ပြောလိုက်သည်။

"ဘယ်သူက ငါ့ရဲ့ နာမည်ကို ဒီနေရာမှာ ထွင်းထုထားသလဲတော့ ငါမသိပေမဲ့ သူက ငါ့ရဲ့ နာမည်ကို သိနေတယ်။ သူက သေချာပေါက် ငါ့ကို တစ်ခုခု လုပ်ချင်နေတယ်"

ရှီချီက သူမကို စိုက်ကြည့်သည်။ သူ၏ အစိမ်းရောင် မျက်ဝန်းများက လေးနက်လာသည်။ အချိန်အတန်ကြာမှသာ သူ၏ ညင်သာသော အသံက ထွက်လာသည်။

"မင်း ရည်ရွယ်ချက်ရှိရှိ မလုပ်ခဲ့တာ ဖြစ်ဖို့ပဲ လိုအပ်တယ်"

နင်မုန့်၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။

အဝါရောင် မြေဆီလွှာထဲတွင် ထည့်ထားသော သန့်စင်သော အနက်ရောင် ကျောက်တုံးက သိသာ ထင်ရှားလွန်းသည်။ ထိုအပြင် နာမည်ကို ထွင်းထုထားသော အပြင်ပိုင်း ရေးဆွဲထားသည့် ပုံစံကပင် မျက်စိဖန်းစား လွန်းသည်။

ချန်းရှန်းဝေက တစ်ခဏခန့် စိုက်ကြည့်နေပြီးနောက်တွင် အနားရှိ လူကို မေးလိုက်သည်။

"ဒါက ဘယ်ကာရိုက်တာလဲ ဆိုတာ မင်းပြောနိုင်လား"

"ငါလည်း မမှတ်မိဘူး။ တရားဝင် ကာရိုက်တာ ဟုတ်လို့လား။ ငါမမှတ်မိဘူး"

"ကြည့်ရတာ ဒါက သာမန် ဖောင့်မဟုတ်လောက်ဘူး။ ရှေးခေတ် အရေးအသားများလား ရုပ်ရှင်တွေထဲမှာတော့ ဒီလိုမျိုး တမင်ရေးတာမျိုးကို မြင်ဖူးတယ်"

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now