"သားက ဘာဖြစ်လို့ မိုးဦးဆီမှာ လုပ်ချင်တာလဲ"

"ဒါမှမဟုတ် အမြွှာတွေကို စိတ်၀င်စားလို့လား"

အတ္တ သူ့ဒယ်ဒီကို အံဩသလိုလှည့်ကြည့်မိသည်။

ဦးလွှမ်းရောင်ကတော့ သူပြောတာ မှန်တယ်မလားဆိုသည့် သဘောဖြင့် သူ့သားကို မျက်ခုံးတစ်ဖက်ကို ပင့်ပြလိုက်သည်။ငယ်ရာကနေ ကြီးလာသည့် သူ့အတွက် သားရဲ့ခြေလှမ်းဟာ ဘာဆိုတာကိုတန်းသိသည်။

"အငယ်လား အကြီးလား ဒယ်ဒီကတော့ နှစ်ယောက်စလုံးက ရုပ်တူလွန်းလို့သေချာမခွဲနိုင်ဘူး"

"အကြီး..."

"သူက လရောင်ထက်မျက်နှာပိုတည်တယ်..."

"လရောင်က နည်းနည်းမျက်နှာချိုတဲ့အထဲပါတယ်"

အတ္တ စကားပြောနေတုန်းက ညီကိုနှစ်ယောက်ကို သေချာကြည့်မိတာကြောင့် အခုလိုပြောနိုင်ခြင်းဖြစ်သည်။ ‌တစ်နေ့ကသူနဲ့ တိုက်မိသူဟာ လရောင်‌မဖြစ်နိုင် နေရောင်သာဖြစ်ပေလိမ့်မည်။

"ဟ့...ငါ့သားက ‌သေချာကြည့်ထားတာဘဲ"

"ဒယ်ဒီကတော့ ဆရာ၀န်ကိုသမက်တော်ရတော့မှာလား"

အတ္တနှုတ်ခမ်းကို တွန့်ယုံမျှပြုံးလိုက်သည်။ ပထမဆုံးစတွေ့သည့် အချိန်ကတည်းက ထိုမျက်နှာချောချောလေးကို သူစိတ်၀င်စားမိတာအမှန်ပင်။

နောက်တစ်ခါထပ်တွေ့ရလိမ့်မယ်လို့တော့ သူတစ်ခါမှမတွေးမိချေ။တွေမယ့်တွေ့တော့လဲ သူစိတ်၀င်စားတဲ့ မိသားစုက လူဖြစ်နေပြန်သေးသည်။

"နေရောင်က စိတ်၀င်စားဖို့ကောင်းတယ်"

.......

"ဖေဈာန်ရေ သားလာတယ်..."

"ပါးဇံရေ...သားလာပါတယ်ဗျ"

အိမ်ထဲမ၀င်ခင်ကတည်းက အသံတစာစာဖြင့် အော်နေသည့် မိုးဦးသက်တံသစ်ကြောင့် ရစ်အပြင်ထွက်လာခဲ့ရတော့သည်။

"သားငယ်လေး လိုက်လာတာ..."

"အန်ကယ်လေး မဟာကော..."

"အပေါ်ထပ်မှာအိပ်နေတယ်ထင်တယ် ဖောင်းဖောင်းကတော့ သူ့စာကြည့်ခန်းထဲမှာ..."

Accident (Season 2) OR Bring Me Back Where stories live. Discover now