First & Last

6 2 2
                                    

ပွဲစီစဥ်သူတစ်ယောက်အနေနဲ့လုပ်ရတာမလွယ်ကူမှန်းလူတိုင်းသိကြသည်. ဒါပေမယ့် Nile ကခေါင်းဆောင်မှုအပိုင်း ပါရမီပါလာတယ်ထင်မှတ်၍လား တာဝန်ဟုခေါ်သော အရာက Nile ခေါင်းပေါ်မှာကခုန်နေလေ၏. သာမန် stadium ထဲဖျော်ဖြေပွဲကိုဦးဆောင်ရမယ်ဆိုလွယ်သေးမယ်. ယခုက ကွင်းပတ်လည်မှာ လူပေါင်းများစွာကိုဦးဆောင်၍ စီတန်းလှည့်လည်ကာဖြော်ဖြေရပုံမျိုးပင်. ညီညာစွာကပြရန်, လှပစွာဖြော်ဖြေရန် ကခက်ခဲလှပေသည်. Uni ကပွဲဖြစ်တာကြောင့် ဘောလုံးကွင်းဘေး ပတ်လမ်းတစ်လျှောက် rehearsal လုပ်နေကြသော လူတွေနဲ့ပြည့်နှက်နေ၏...
ထိုနေ့ကား ပွဲနေ့ဖြစ်၏ နိုင်ငံတကာ ကကျောင်းသားများနှင့်
၎င်းတို့၏ရိုးရာဝတ်စုံများဝတ်ဆင်ကာ ပွဲအတွက်စောင့်ဆိုင်းနေမှုအားတွေ့ရပေမယ်. Nile တစ်ယောက် များပြားလှသော လူများကိုစီစဥ်တကျမှာကြားရင်း လိုအပ်ချက်မရှိအောင် မိမိ အဖွဲ့သားများနှင့်တိုင်ပင်နေသည်.
ပွဲကားစလေပြီ
အရင်ဦးစွာ အာဖရိက ကျောင်းသားများ၏ ရိုးရာသီချင်းဖြစ်လေရာ ကိုယ့်နိုင်ငံသားဖြစ်သောသူများကစွမ်းစွမ်းတမံကကြလေ၏.
ထိုနည်းတူ နိုင်ငံတစ်နိုင်ငံချင်းဆီမှရိုးရာသီချင်းများကနေချိန် Nile နောက်ဆုံးမှနေရာက အဖွဲ့တစ်ဖွဲ့ဆီကိုလိုက်လံကွပ်ကဲနေ၏.
"ညီညီလေးသွားမယ် နည်းနည်းစောင်းနေတယ်"
"ဂရုစိုက်သွားမယ်"
"မငေးနဲ့"
စသည်ဖြင့်ပြောရင်း အရှေ့နားရောက်လာလေသည်
ထိုစဥ် ရုတ်တရက်
"အ့"
အသံကြား၍ လှည့်ကြည့်မိရာ အုပ်စုတစ်စုစီတိုင်းတာဝန်ကျကြသောအဖွဲ့သားများအနက် တစ်ဦးမှာခြေချော်သွား၍ လမ်းမလျှောက်နိုင်ဖြစ်သွားလေသည်. Nile သူ့နားသွားကာ
"အဆင်ပြေလား ဘယ်လိုဖြစ်တာလဲ"
"ခြေချော်သွားတာ"
"လမ်းလျှောက်နိုင်သေးလား"
"ဟင့်အင်း ထောက်မရဘူး"
ဟုဆိုသည်နှင့် သူမအားတွဲထူလိုက်သည်.
သူမအားတွဲထားလျက်နှင့်ပင် ကပွဲ၌လိုအပ်သည်များကိုညွှန်ကြားရင်း အရှေ့နားရောက်လာလျှင်ကွင်းလယ်မြက်ခင်းပြင်ထဲသွားကာ ထိုင်ခုံပေါ်ထိုင်စေ၍ ပြန်လာခဲ့သည်. ပွဲ၏နောက်ဆုံးကဏ္ဍဖြစ်သော Indian အကကရန် Indian ကျောင်းသားများ အလယ်၌စုဝေး၍ ဖြော်ဖြေကြသည်. မြူးကြွသောသီချင်းဖြစ်၍ ကျောင်းသားပေါင်းစုံဝိုင်းဝန်းကခုန်နေကြရင်းပွဲနိဂုံးချုပ်လေသည်.
ပွဲပြီးမြောက်ကြောင်းကြော်ညာပြီးသည်နှင့် Nile စိတ်အေးသွားရသည်. ထိုခဏ၌ ကျောင်းဝန်းတစ်ခုလုံးမီးပျက်သွား၏ အကုန်လုံးအံ့ဩကာတစ်ယောက်တစ်ပေါက်ပြောဆိုနေစဥ် မြင်ရသည်ကားကျောင်းဆောင်၏ ဒုတိယထပ်၌ ဖုန်းမီးရောင်သေးသေးလေး ထိုမီးကိုမြင်သည်နှင့် Nile သိလိုက်လေပြီ. ထိုအချိန်၌
"ဦးဖေ"
Roy ၏အော်ခေါ်သံကိုကြားလိုက်သည်နှင့် ကျောင်းဆောင်ပေါ်အပြေးတက်သွားမိသည်. မီးများပြန်ဖွင့်ထားသောကြောင့်အလင်းရောင်ရနေသော လျှောက်လမ်းမှတစ်ဆင့် လှေကားထစ်များကိုအထစ်များပင်ကျော်ခွကာ ပြေးတက်သွားလိုက်မိသည်.
ဒုတိယထပ်ကိုရောက်ရန်ဆောင်ကျဥ်းပေးသော လှေကားထိပ်ရောက်သည်နှင့် သူ့အားမြင်လိုက်ရသည်.
Nile ရောသူရောပြေးလာလိုက်ပြီး နှစ်ယောက်သားဖက်ကာ
"ငါလုပ်လိုက်နိုင်ပြီ ငါလုပ်လိုက်နိုင်ပြီကွ"
ဟု ဝမ်းသာမျက်ရည်များကျကာ ဂုဏ်ယူဝင့်ကြွားစွာပြောဆိုနေသော Nile နှင့် ဂုဏ်ယူနေသောအပြုံးနှင့်သူ..
သူ့လက်ကိုဆုပ်ကိုင်ပြီး လှေကားထစ်တွေကို Nile ဦးဆောင်ကာ အောက်ထပ်သို့ခေါ်ဆောင်လာခဲ့သည်.
Nile အဖွဲ့ဝင်များနှင့်တွေ့စုံကာ မိတ်ဆက်ပေးလိုက်သည်က..
"ဒါကျွန်တော့်ညီလေ"
ဆုပ်ကိုင်ထားသောလက်တစ်စုံကမြဲမြံလျှက် ဝင့်ကြွားသောအသံ ဂုဏ်ယူသောအပြုံးနှင့်
*ငါ့ကောင်အတွက်ငါဂုဏ်ယူအောင်လုပ်နိုင်ခဲ့ပြီ ငါ့လက်ကိုသာမြဲအောင်ကိုင်ထားစမ်းပါ အရာအားလုံးငါကဖြည့်ဆည်းပေးပါမယ် မင်းလုပ်ရမှာကတစ်ခုပဲရှိတယ် Hold me tight.."

...................................................................................................

20 May 2023
အိပ်စက်နေရင်းမျက်ရည်များကျတဲ့အထိ ရင်ထဲလှိုက်ကာခံစားခဲ့ရသော မခိုက်အတန့် ကိုယ့်မှာဆုပ်ကိုင်စရာနွေးထွေးတဲ့လက်တစ်စုံရှိတာကိုအမြဲသတိရစေခဲ့ အခိုက်အတန့်လေးကို စကားလုံးများ စာသားများအဖြစ်ပုံဖော်လိုက်ခြင်း ..
NILE

You've reached the end of published parts.

⏰ Last updated: Apr 05 ⏰

Add this story to your Library to get notified about new parts!

 Hold me tight ..Where stories live. Discover now