Flame of pride

8 1 0
                                        

"ဒယ်ဒီ။ ကလောဘက်ကိုရွေးတာလဲမှန်တာပဲနော်" ကျယ်၀န်းသောခြံကြီးတစ်ခြံထဲတွင် ထင်းရှူးပင်တန်းကြီးထဲက ဆောက်ထားတဲ့ အနားယူစရာ ဇရပ်လေးထဲမှာ သားအ‌ဖနှစ်ယောက်ထိုင်နေရင်းသမီးဖြစ်သူကစကားစလေသည်။
"ရိုစီ" "ပြောလေဒယ်ဒီ" "ဒယ်ဒီ ဒီည အလုပ်ကိစ္စနဲ့ အပြင်သွားစရာရှိတယ်။ ညပြန်မအိပ်ဘူး။သမီးထမင်းစားဖို့စောင့်နေမှာစိုးလို့ပြောတာ။" "အလုပ်ကိစ္စအပြင် သောက်ကြ စားကြ ပျော်ကြ ပါးကြအုံးမယ်မလား။" ရိုစီချစ်ဆွေ တစ်ယောက် မေးငေါ့ကာမေးလိုက်သည်။ "အယ်........ဒါကတော့ကွယ်။ လူကြီးတွေတွေ့ပြီးစကားပြောကြတာပဲ.....အနည်းအကျင်းတော့ပါတာပေါ့။" ဟင်နရီချစ်ဆွေတစ်ယောက် မျက်နှာပျက်သွားလေသည်။ "မာမီ သမီးကို ဒီည video call လှမ်းခေါ်မှာနော်။ ဒယ်ဒီကောလို့မေးနေရင်........." "ဪ သမီးစီစီရယ် အာ့တော့လည်း ထုံးစံအတိုင်းပြောလိုက်ပေါ့။" ဟင်နရီတစ်ယောက်သမီးကိုမျက်နှာချိုသွေးနေရပါပြီ။ သူ၏ဇနီးဖြစ်သူ မာရီယာ ဟာ England က စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်ပြီး သူလည်ပတ်နေရတဲ့ လုပ်ငန်းအားလုံးရဲ့ အခရာ အမျိုးသမီးတစ်ဦးလည်းဖြစ်တယ်။ မာရီယာဟာ ဟင်နရီ England ကိုအလည်အပတ်သွားစဉ်က ချစ်ကျွမ်း၀င်ကာ လက်ထပ်ခဲ့သူဖြစ်ပြီး ရိုစီချစ်ဆွေကိုမွေးဖွားခဲ့တာပါ။ စီးပွားရေးကြောင့် မြန်မာပြည်ကို လိုက်မလာနိုင်တဲ့ မာရီယာဟာ သမီးဖြစ်သူရိုစီကို သူလျှိုအဖြစ်ထားကာ အဖေဖြစ်သူ သူ့ခင်ပွန်းရဲ့သီတင်းတွေကို အဆက်မပြတ်စုံစမ်းနေခဲ့တာပဲဖြစ်တယ်။ ဒါ့ကြောင့်ယခု ဟင်နရီဟာ သမီးဖြစ်သူ သူ့ဇနီးအားပြန်မပြောရေးအတွက် စတင်ပြီးမျက်နှာချိုသွေးနေရပါပြီ။ ရိုစီဟာ အဖေဖြစ်သူကို မျက်စိမှေးမှေးဖြင့် ခပ်ထန်ထန်ကြည့်နေပါတယ်။ သူမဟာလည်းပဲ သူမ ဖခင်ရဲ့ပွေရှုပ်ဇာတ်လမ်းများကို စိတ်ကုန်နေပါပြီ။ "အသက်လည်း ငါးဆယ်ကျော်လို့တောင် လေးနှစ်ထဲရောက်နေပြီ။ ကမြင်းကြောကထလို့မပြီးသေးဘူး။" "သမီးရယ်........" "ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ။နောက်တခါ နောက်တခါတွေမှာ ရိုစီဒီအကြောင်းတွေမကြားချင်ဘူး။ ဒီနေ့လည်းတူတူပဲ။" ရိုစီထိုင်ရာမှထလိုက်သည်။ ထို့နောက်လှည့်ထွက်မသွားခင်ဖခင်ကိုကြည့်ကာ "အရေးမပါတာတွေလုပ်မလာနဲ့နော် ဒယ်ဒီ" ဟု ပြောပြောဆိုဆို ထွက်သွားလေသည်။ ရိုစီ ဇရပ်ဆောင်လေးပေါ်မှ ဆင်းလာသည်နှင့်တစ်ပြိုင်နက် မနီးမဝေးမှာစောင့်နေသော ကိုယ်ရံတော်နှစ်ယောက် ရိုစီအနားသို့လျှောက်လာကာ ရိုစီ နောက်မှနေ၍ ရိုစီဦးတည်ရာ စံအိမ်ကြီးဆီသို့ လျှောက်လမ်းလာခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Apr 04, 2024 ⏰

Add this story to your Library to get notified about new parts!

Flame Of PrideStories to obsess over. Discover now