အပိုင်း ၆

Mulai dari awal
                                    

အလိုက်တသိ ရှောင်ထွက်ဖို့ လီဆာ မတ်တပ်ရပ်လိုက်သည်။ လက်ဖဝါးကို မမဟာ ဖမ်းဆွဲထား၍ ငဲ့ကြည့်မိတော့ မမက မျက်မှောင်ကြုံ့ပြီး...။

'' ဒါက ဘယ်ကိုသွားဦးမလို့လဲ။ လူနာစောင့်ပေးပါ့မယ်လို့ မေမေ့ကို အချိုသပ်ပြီး ပြန်လွှတ်လိုက်တာလေ။ တညလုံး ဘယ်မှသဝေထိုးဖို့ မကြံစည်နဲ့ လာလီဆာ။ အခုချက်ချင်း ပြန်ထိုင် ''

မမက သူ့လက်ကို ဆုပ်ကိုင်ထားဆဲ။ သူမရဲ့ချစ်သူနဲ့ စကားပြောနေသော်လည်း လက်တွေက လီဆာ့ကို ဖမ်းထားသည်။

'' ဂျိန်းရယ် လီလီထွက်မပြေးပါဘူးကွ။ သူထွက်ပြေးရင် အစ်ကိုလိုက်ဖမ်းပေးမယ်။ လက်လေး လွှတ်ထားပါဦး။ ချွေးတွေ ထွက်နေတော့မယ် ''

'' သူ ဘယ်လောက်ဖမ်းရခက်လဲ အစ်ကိုမသိဘူး။ တလလုံးလုံး ခြေရာဖျောက်ပြီး ဂျိန်းဆီမလာဘူး​လေ။ သူ့ကို ဂျိန်းမျက်စိရှေ့မှာ ထားမှ ဖြစ််မယ် ''

နှုတ်ခမ်းလေး စူကာ မကျေနပ်ချက်တွေ ပြောနေတဲ့မမကို လီဆာတင်မက သူမရဲ့ချစ်သူပါ အသည်းယားသွားတဲ့ပုံပါပဲ။ လီဆာကတော့ အသည်းယားတာကို အပြုံးတွေနဲ့ ဖုံးကွယ်ထားပေမယ့် သူမရဲ့ချစ်သူကတော့ နှုတ်ခမ်းကို ဖြတ်ခနဲ နမ်းလိုက်တယ်။

'' အစ်ကို ''

'' sorry ကွာ  ..  ဂျိန်းက အရမ်းချစ်ဖို့ကောင်းနေလို့ ''

မမဟာ လီဆာ့ဘက်ကို မသိမသာ ခိုးကြည့်လာသည်။ သူ့မျက်နှာမှာ ဘယ်လိုအမူအရာမှ မပေါ်အောင် ပြုံးသာ ပြုံးထားမိသည်။

'' တော်တော်လေး ညနက်လာပြီ။ အစ်ကို ပြန်တော့လေ ''

'' အစ်ကိုပါ နေလိုက်တော့မယ်လေ ကလေးရဲ့ ''

'' မသင့်တော်ဘူး အစ်ကို။ ပြန်လိုက်ပါ ''

မမရဲ့လေသံက တင်းမာသွားပြီး သူမချစ်သူကို နှင်လွှတ်သည်။ လီဆာကတော့ ပွဲကြည့်ပရိတ်သတ်။ မမချစ်သူပြန်သွားပြီး မမက ကုတင်ပေါ်မှာ လှဲလျောင်းလိုက်သည်။ မမရဲ့ဘေးက ထိုင်ခုံမှာထိုင်ကာ အပ်ထိုးထားတဲ့ မမလက်လေးကို မနာကျင်အောင် လီဆာ ဆုပ်ကိုင်ထားသည်။

'' မအိပ်ဘူးလား ''

'' မမ အိပ်ပျော်အောင် အိပ်ပါ။ မမအိပ်ပျော်မှ လီလီအိပ်မယ် ''

𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱Tempat cerita menjadi hidup. Temukan sekarang