''ထပ်တူထပ်မျှပါမောင်ရယ်''

.......................
''အရောင်ကဘာရောင်လေးယူမလဲဟင်မောင်''

သတို့သမီးဝတ်စုံထိုင်မသိမ်းတွက်fittingချနေရင်းသူမကလိုတရကိုလှမ်းမေး၏..
လိုတရရဲ့ဒဏ်ရာတွေပျောက်တာနဲ့အဖွားကလက်ထပ်ပွဲကိုစီစဉ်တာမို့သူတို့ဝတ်စုံလာအပ်ရခြင်းပါ

''ခင်ဗျားသဘောလေ...မောင်ကခင်ဗျားကြိုက်ရင်ရပြီ''

''အဖြူရောင်လေးဝတ်မယ်နော်မောင်......''

''ခင်ဗျားကအနီရောင်ကြိုက်တာမလား''

''ဒါမဲ့မင်္ဂလာပွဲမှာအဖြူရောင်လေးကပိုကောင်းမယ်ထင်တယ်''

''ဒါဆိုအဖြူရောင်ဘဲယူလိုက်ပေါ့.....မောင်ကsuitဝတ်မှာနော်''

ဒီဇိုင်နာကအင်္ကျီတွက်စွဲရဲ့ရင်ကိုတိုင်းဖို့ပြင်လိုက်စဉ်
လိုတရကမတ်တပ်ထရပ်ကာ

''သူ့အတိုင်းတွေအကုန်လုံးကျွန်မသိတာမို့လို့ပြောတာကိုချရေးလိုက်ပါ''

''ရှင်''

စွဲကမျက်စောင်းလှမ်းထိုးလျှင်လိုတရကလျှာလေးထုတ်ပြ၏..

''ရင်က၃၆...ခါးက၂၆..တင်က.၃၇...''

လိုတရရဲ့မှင်သေသေမျက်နှာထားကြောင့်ဒီဇိုင်နာမှာစာအုပ်ထဲချရေးလိုက်ရတော့သည်

''ပြီးပြီမလား...ပြန်ကြရအောင်....ငွေကိုတော့ဝတ်စုံရတာနဲ့လွှဲလိုက်မယ်''

စွဲရဲ့ခါးကိုပိုင်စိုးပိုင်နင်းကိုင်ကာဆိုင်ထဲကခေါ်ထုတ်လာသူကြောင့်စွဲမှာကားပေါ်ရောက်လာရသည်

''မောင့်ကိုဘာလို့အဲ့လောက်တောင်ကြည့်နေရတာလဲ''

''အတိုင်းတွေဘာလို့ဒီလောက်တောင်သိနေရတာလဲ''

''စပိန်မှာတုန်းကမောင်တိုင်းကြည့်ထားတာ''

''ဘာရယ်.....ဘယ်တုန်းကလဲ''

''ခင်ဗျားဝိုင်မူးပြီးအိပ်ပျော်သွားတဲ့ညက''

''မောင်မကောင်းဘူး..... ''

ရင်ဘတ်ကိုထုရိုက်နေသောလက်များကိုဖမ်းဆုပ်ကာလက်ပိုင်ရှင်ကိုပါရင်ခွင်ထဲဆွဲသွင်းလိုက်တော့သည်

မာနတို့သည်နှလုံးသားကိုအရှုံးပေးရ၏Onde histórias criam vida. Descubra agora