AMBU

127 13 2
                                    


" ဟုတ်ကဲ့ခင်ဗျ။ ဆောင်ရန်ရှောင်ရန်တွေလည်း ကျွန်တော်မှာပြီးပြီမို့ ရပါပြီဗျ။ ရှေ့က ကောင်တာမှာ ကျွန်တော်ရေးပေးထားတဲ့ဆေးကို သွားထုတ်လိုက်ပါနော်။ မသက်သာဘူးဆိုရင်တော့ အချိန်မရွေးပြန်လာပြလို့ရပါတယ်။ တကယ်လို့ သက်သာတယ်ဆိုရင်တော့ တစ်ပတ်နေမှပဲ ပြန်လာခဲ့လိုက်ပါနော်။ အဲ့ကျတော့မှ ကျွန်တော် ပြန်စမ်းသပ်ပြီးတော့ လူနာရဲ့အခြေအနေနဲ့ ဆေးစွဲသောက်ဖို့ လိုမလို ပြန်ဆုံးဖြတ်ပေးပါ့မယ်။ "

" ကျေးဇူးပါ ဒေါက်တာရယ်။ "

" ဟုတ်ကဲ့။ ရပါတယ်ခင်ဗျ။ "

လူနာအပြင်ရောက်သွားတာနဲ့ Jimmy သက်ပြင်းအရှည်ကြီးတစ်ခုချမိသည်။ သူ့စိတ်တွေ ကြည်လင်မနေပါ။ ဟုတ်သည်။ သူ့ရဲ့စိတ်တွေ လုံးဝကြည်လင်မနေပါ။ အကြောင်းအရင်းကတော့ Sea Tawinan ဆိုတဲ့လူနာလေးကြောင့်ပါပဲ။

နည်းနည်းတော့ ရယ်ရတယ်မလား။ ဆရာဝန်က လူနာကြောင့် ရောဂါရနေသည်တဲ့။

_______

Sea Tawinan ဆိုတာ ငြိမ်သက်နေတဲ့သူ့ဘဝထဲကို ဝင်လာတဲ့ဂယက်ကလေး။

သူတို့နှစ်ယောက်စတွေ့ပုံက ရိုးရှင်းပါသည်။
သူကဆရာဝန်၊ ကောင်လေးက လူနာ။
ဒီလို သူတို့ဆုံခဲ့ကြသည်။

စက်ဘီးလဲလို့ ခြေထောက်ထိခိုက်မိသွားသည့် ထိုကောင်လေးက သူ့ဆေးခန်းဆီ ရောက်လာခဲ့သည်။
စစတွေ့ချင်းအမြင်ကတော့ ဒီကောင်လေးက ‌ပြောရဆိုရလွယ်တဲ့လူနာလေးပေါ့။ ရက်ချိန်းကိုလည်း မပျက်မကွက် အချိန်မှန်လာသလို ပြောစကားလည်း သိပ်နားထောင်သည်။ မျက်လုံးတောက်တောက်ကလေးတွေနဲ့ အပြုံးချိုချိုလေးတွေရှိပြီး ခင်မင်စရာကောင်းတဲ့ညီလေးတစ်ယောက်ဖြစ်သည်။

သူ့ခြေထောက်မှဒဏ်ရာပျောက်ကင်းသွားသည့်အချိန်မှာတော့ Sea အပေါ် သူထင်ခဲ့သမျှက အမှန်မဟုတ်မှန်းသိလာရတော့သည်။ တကယ်တော့ Sea Tawinan ဆိုတာ အလွန်ကိုမှ ပြောရဆိုရ လက်ပေါက်ကပ်သည့်ကောင်လေးဖြစ်သည်။

သူက Jimmy ကို စိတ်ဝင်စားပါသည်တဲ့‌လေ။ အဲ့တာကြောင့်မို့ ဆေးခန်းကို အကြောင်းမရှိ‌အကြောင်းရှာကာ လာသည်။ မလာဖို့ တားလည်းမရ။ သူဘိုကင်ယူသည့်အခါ မပေးဖို့ ကောင်တာမှဆရာမလေးများကို မှာသော်လည်း ထိုဆရာမလေးများကပါ သူ့ဘက်ပါနေသည့်အခါ Jimmy ပြောလို့မနိုင်တော့။ ခေါင်းကိုက်လို့ကတစ်မျိုး၊ ဗိုက်က အောင့်ချင်သလိုဖြစ်တာမို့ကတစ်ဖုံ၊ တစ်ခါတစ်လေ ခြင်ကိုက်လို့ အယားဖုထသည်ကအစ လာပြတတ်သည်မို့ ဆေးခန်းမှာ သူ့ကို နှစ်ရက်ခြားတစ်ခါ၊ သုံးရက်ခြားတစ်ခါလောက်ကို တွေ့နေရတော့သည်။ ရောဂါသေးသေးလေးနဲ့ ဆေးခန်းချည်းလာမနေနဲ့လို့ ပြောရင်လည်း သေးသေး၊ ကြီးကြီး ရောဂါကရောဂါပဲ။ ဆရာဝန်က လူနာအပေါ်မရက်စက်ပါနဲ့ဟု ပလီပလာပြောတတ်သေးသည်။

Flirting Syndrome Where stories live. Discover now