အပိုင်း၁၀

Start from the beginning
                                    

" ဟယ်လို ရွေကျော့ရွာကသူကြီးလားမသိဘူး "

" စံကောင်းမွန် ရပ်လိုက်စမ်း ဘာဆက်လုပ်တာလဲ။ "

  တခေတ်ခွန်းရဲ့ ပိုက်ဆံပေါနေရင်ရွာကလမ်းကိုကွန်ကရစ်သွားခင်းပါလားဆိုတဲ့အပြောကိုစံကောင်းမွန်ကအတည်ပေါက်ကြီးလုပ်တော့မည်ပုံပေါ်ကထိုရွာကသူကြီးသစ်ကိုပင်ဖုန်းခေါ်နေတာကြောင့်တခေတ်ခွန်စခင်မျာလက်ထဲကဓားကိုချကာတားရလေသည်။

" ဘာဖြစ်လဲ မင်းပြောသလိုငါ ရွာကလမ်းကိုကွန်ကရစ်ခင်းပေးမလို့လေ အာ ဒါမှမဟုတ် ရွေလမ်းခင်းပေးရမလား။ "

" မင်းငါပြောသမျှကိုဘာလို့လိုက်နားထောင်နေတာလဲ အခုဖုန်းချလိုက်။ "

   တခေတ်ခွန်းက ကျွန်းသစ်ခုံကြီးပေါ်ထိုင်နေတဲ့စံကောင်းမွန်ဆီကနေဖုန်းအားလုရင်းသူ့ပေါင်ပေါ်တောင်ထိုင်မိသွားသည်။ထိုမှစံကောင်းမွန်ကအသာတကြည်နဲ့ဖုန်းအားချပေးကာ တခေတ်ခွန်းအားမျက်ခုံးတစ်ဖက်ပင့်ကာကြည့်လာလို့။

" ဘယ်လိုခံစားရလဲ။ "

" ဘာကိုပြောတာလဲ "

" မင်းကိုအခုငါဒီလိုတွေပေးကမ်းနေတော့ ချစ်လားမချစ်လားစဥ်းစားတာလွယ်သွားပြီလား။ "

" အ...အရူးဘဲ မင်းဒီလိုတွေလျှောက်ဝယ်ပြီးပေးနေတာကလက်ထိုးနေတာဘဲ ငါကပြန်ချစ်မယ်များထင်နေလား။ "

" မိန်းကလေးအများစုကသူတို့ပြန်ချစ်မဲ့ကောင်လေးက သူတို့လိုချင်တာမှန်သမျှဝယ်ပေးလုပ်ပေးတဲ့လးကိုဘဲပြန်ချစ်ကြတာ။ "

    စံကောင်းမွန်အပြောကြောင့်တခေတ်ခွန်းကခနတာကြောင်အသွားကာ ပြီးနောက်တွင်စံကာင်းမွန်ခေါင်းပေါ်အား လက်သီးစုပ်လေးတစ်ခုကကျရောက်လာလေသဘ်။

" ခွက် "

" ခွေးကောင် ငါကယောကျာ်းလေးဟဲ့။ "

" အတူတူဘဲလေ မင်းလဲလူဘဲ မင်းလိုချင်တာပေးကမ်းဝယ်ပေးတဲ့လူဘဲပြန်ချစ်မှာမဟုတ်ဖူးလား!!! "

" အရူးဘဲ စံကောင်းမွန်!!! "

   အပေါ်ထပ်ကအသံကျယ်တွေကြောင့်တေဇတို့မှာပစ္စည်းတွေအိမ်ထဲရွေ့ရင်းခေါင်းတွေသာခါမိသည်။သူဌေးကတော်ကလဲ ချစ်မယ်ဆိုချစ်လိုက်ပေါ့ ဒီလောက်သူဌေးမင်းကတုန့နေအောင်ချစ်တာကိုမမြင်တာလားနော်။ဒါမှမဟုတ် မူနေတာလား
.
.
.
      ဒီနေ့ကနားရက်မို့တခေတ်ခွန်းကမီးဖိုချောင်ထဲဝင်ကာသူ့လက်စွမ်းတွေပြလေတော့သည်။နေ့လည်ထမင်းစားချိန်မှာတော့ စားပွဲထပ်ဟင်းအမယ်စုံတွေကတည်ရှိနေသလို အင်း ပြီးတော့အနံ့ဆိုးဆိုးချဥ်ဖက်တစ်ခွက်လဲရှ်နေလေသည်။

သူဌေးမင်းရဲ့အချစ်တော် (ongoing)Where stories live. Discover now