အပိုင်း-၁

19.3K 699 134
                                    

Uni

1960 - 1970 ( မတ်လ၆ရက်)

မြို့ကြီးပြကြီးကလေနေရတာကောင်းတယ် သာယာတယ်လို့ပြောနေကြပေမဲ့တခေတ်ခွန်းရောက်လာတော့လဲထင်သလောက်လဲမဟုတ်ပါလေ။ပူပြင်းလွန်းတဲ့ရာသီဥတုအရိပ်ရဖို့အပင်ဆိုတာမျိုးကရှားလွန်းလှလေသည်။ရွာကနေအလုပ်လုပ်ရန်အဝတ်ထုတ်တစ်ထုတ်ကိုင်လို့ကားမှတ်တိုင်မှာရပ်နေတဲ့တခေတ်ခွန်းကနားထင်မှာပင်ချွေးတွေစို့နေလေသည်။

" ဟို မောင်လေးရှင့် အမရဲ့ခြင်းတောင်းလေးခနကိုင်ပေးလို့ရမလား။ "

" ဟုတ်ကဲ့ရပါတယ် ဒါပေမဲ့အမခြင်းတောင်းကိုအောက်ကိုချပေးပါဗျ။ "

" ဘာဖြစ်လို့လဲမောင်လေး "

" ကျွန်တော့်အိမ်ကသင်ထားတယ် မိန်းကလေးလက်ကိုကိုင်မိရင်မိန်းကလေးကကိုယ်ဝန်ရတတ်တယ်တဲ့ မတော်လို့အမလက်ကိုထိသွားရင်ဘယ်လိုလုပ်မလဲ။ "

တခေတ်ခွန်းရဲ့အပြောကြောင့်အကူအညီတောင်းတဲ့ကောင်မလေးခင်မျာပါးစပ်အဟောင်းသားပင်ဖြစ်သွားလေသည်။

" အဟဲ ရပါတယ်မောင်လေး မကူနိုင်လဲရပါတယ်။ "

ကောင်မလေးကမအီမအာပြုံးလို့ခြင်းတောင်းလေးအားမကာအဝေးကိုထွက်သွားလေသည်။ထိုကောင်မလေးထွက်သွားမှ တခေတ်ခွန်းတို့ခေါင်းတစ်ခါခါဖြင့်ပြုံးရယ်မိသည်။

ခြင်းထောင်းထဲမှာဘူးသီးလေးတစ်လုံးထဲထည့်ထားတာကို တခေတ်ခွန်းဆီတမင်ချဥ်းကပ်ချင်လို့လာပြီးအထာပေးတာကိုတခေဆ်ခွန်းကသတိထားမိတာမို့ သူထိုသို့ပြောလိုက်ရခြင်းဖြစ်သည်။

အဖွားကသူ့ကိုမှာလိုက်တယ် မြို့ကမိန်းကလေးတွေမယုံနဲ့တဲ့။အမှန်ပင်မြိ​ု့ကိုအခုမှတက်လာတုန်းဘဲရှိသေးတယ် စတင်ပြီးလာပြီးဇာတ်လမ်းတွေရှုပ်နေတာကချက်ချင်း။

သူ့နာမည်ကတခေတ်ခွန်းဖြစ်သည်။အသက်၂၀ရှိပြီးရွာမှာနေတုန်းကတော့ရွာမှာအိုးလုပ်ရောင်းပေမဲ့ အဖွားကမြို့မှာအလုပ်လုပ်ရန်အလုပ်တစ်ခုရှာတွေ့ထားတယ်ဆိုတာကြောင့်တခေတ်ခွန်းမြို့ကိုရောက်လာလေသည်။

အဖွားပြောတာတော့ မြို့ကသူဌေးကြီးတစ်ယောက်ဆီမှာအလုပ်လုပ်ရမည်ဆိုဘဲ။ထိုလူဘေးမှာရပ်နေပေးရုံနဲ့ကိုပိုက်ဆံအသာလေးရတယ်ဆိုတာကြောင့်တခေတ်ခွန်းကဒီအလုပ်ကိုရွေးချယ်လိုက်လေသည်။ရွာမှာကအမေကကျန်းမာရေးသိပ်မကောင်းတာကြောင့် ရွာကအလုပ်တွေကအမေ့ရောဂါကိုကုဖို့အဆင်မပြေ။ဒါကြောင့်ဒီအလုပ်လေးကိုသူရချင်သည်။

သူဌေးမင်းရဲ့အချစ်တော် (ongoing)जहाँ कहानियाँ रहती हैं। अभी खोजें