-အချစ်နွံ-

Comenzar desde el principio
                                    

" ဒီကိုလာထိုင် အန်တီတို့ကဘာပြောလည်း "

" မေမေတို့က သဘောတူတယ်"

ရှောင်းကျန့် သူ့အနားမှာ ထိုင်နေသော
ကောင်ငယ်လေးကို ကြည့်ကာ သက်ပြင်း
ရှည်ရှည်ချမိ၏ ။ အခု သူရိပေါ်ဆီ ဘယ်လို
ပြေးသွားရတော့မလည်း မင်ဟန့် မိဘတွေက
ဒီကိစ္စ တွေမသိခင်ကတောင်သူ့အပေါ်
သဘောကောင်းနေတာ သူတို့သားရဲ့
လက်တွဲဖော်အနေနဲ့ဆို ရှောင်းကျန့် ဘယ်လို
သတ္တိတွေနဲ့မျက်နှာပြောင်တိုက်ပြီး
ရိပေါ်ကိုရွေးချယ်ရဲမှာတဲ့လဲ

" မင်ဟန်သိနေတယ်မလား ကိုယ့်စိတ်ကို"

" ကိုကို !"

မင်ဟန်ဟာ အထိတ်တလန့် ကြည့်လာ၏
သူမလိုချင်ဆုံးသော အခြေအနေ
ကိုကိုဟာ ဝမ်ရိပေါ်ကို ချစ်နေပါတယ်ဆိုသော
သူအမုန်းဆုံးအခြေအနေ
ရှောင်းကျန့် မျက်ဝန်းတွေဟာ မညာခဲ့ဘူး
ဝမ်ရိပေါ်ကို ဘယ်လောက်မြတ်နိုးကြောင်း
အမြဲ ဖွင့်ဟခဲ့တယ်ဒါကို မင်ဟန်
အစောထည်းက သိနေခဲ့ပြီးသားပင်

"မင်ဟန် ကိုယ်ရိပေါ့်ကို "

"မပြောပါနဲ့ ကိုကိုရယ် ကျွန်တော် ရှစ်ခိုးပြီး
တောင်းပန်ပါတယ် *sob* ကျွန်တော့်
အသဲတွေ နာလွန်းလို့ပါ "

"မင်ဟန်ရာ ~"

လက်အုပ်ချီမိုးကာ ငိုချလာသော ကောင်လေးကို ရှောင်းကျန့်မှာ စကားတွေ ဆက်နိုင်စွမ်း
မရှိတော့
ထွေးပွေ့လာခြင်း မရှိတဲ့ အမည်ခံ ချစ်သူကို
စိတ်မနာရက်နိုင် မင်ဟန်က ချစ်ရတဲ့လူကိုး
ကိုကိုဘာလုပ်လုပ် မင်ဟန်ကတော့ ချစ်ပါတယ်
တသိမ့်သိမ့် တုန်ရီနေသော ကျောပြင်ပေါ်
လက်ညိုညိုတွေရောက်လာချိန်မှ ပျံ့ကျဲနေသောစိတ်တွေကို စုစည်းနိုင်သည်။

ဒီအချစ်ဇာတ်လမ်း မှာ သူက ဗီလိန် ဖြစ်နေလောက်မယ်ဆိုပေမယ့် မင်ဟန်လည်း
ချစ်တဲ့သူကို မဆုံးရှုံးချင် ပါ
သူပိုင်ဆိုင်ထားပြီးသား သူ့နှလုံးသားလေးကို
အခြားသူလုယူသွားမည်အား လွယ်လွယ်နဲ့
ခွင့်မပြုလိုက်ချင်ပေ ။
သူ တတ်နိုင်သလောက်တော့ ဆွဲထားချင်မိ
သည်။ ကိုကိုဟာ သူ့ရဲ့အရာရာပဲ
ချစ်ခြင်းမေတ္တာမှာတရားတယ်မတရားဘူး
ရှိလို့လား

If we have second chance!Donde viven las historias. Descúbrelo ahora