Dark ( or ) မုဆိုးဖို

Start from the beginning
                                    

" အရမ်းမွှေးတယ်..."

" ဟုတ်လား...ဒါနဲ့ထား...ကိုအမှန်တိုင်းဝင်ခံရရင်
ကို အရင်ကထားကိုတကယ်ချစ်ခဲ့တာမဟုတ်ဘူး"

" ဟင်း...ဘယ်လို..."

" ဟုတ်တယ်...ထားသိမှာပါ...လေ​ပြေညှင်းဆိုတဲ့ကောင်မလေးကို..."

ထိပ်ထားဦးမျက်နှာပျက်သွားလေသည်...

"သိတယ်လေး...လေပြေညှင်းက ထိပ်ထားရဲ့
အစ်မဘဲလေး..."

" ဒါဆို ဘာလို့အစ်မတစ်ယောက်လိုဆက်ဆံရမဲ့အစား ခွေးတစ်ကောင်လိုဆက်ဆံခဲ့တာလဲ..."

" နေပါဦးကိုကို...ဒါကထိပ်ထားရဲ့မိသားစုကိစ္စ
ပါ ကိုကိုကဘာလို့အဲ့ကောင်မဘက်ကနာနေရတာလဲ..."

" ဘာလို့ဆို သူမက ကို့သူငယ်ချင်းရဲ့အချစ်ဦးမို့လို့ပေါ့..."

" အဲ့တာရှင်နဲ့ဘာဆိုင်လဲ..."

ထိပ်ထားသည်ဗလကိုအော်၍ပြောနေလေသည်..

" နေဦးထား...ကို့ကိုမအော်နဲ့ကို့စကားမဆုံးသေးဘူးနော...ပြောတာနားထောင်ဦး..."

" ဘာကိုနားထောင်ရဦးမှာလဲ...တော်ပြီးရှင်နဲ့ကျွန်မဇာတ်လမ်းဒီတင်ရပ်လိုက်သင့်ပြီး..."

" ထား...မင်းကငွေတစ်ခုတည်းအတွက်နဲ့ကို့ကို
ချဥ်းကပ်ခဲ့တာကိုသိတယ်..."

ထိပ်ထားသည်ကြက်သေသေနေသည့်အလားပင်...

" ကိုကလဲ မင်းကိုအစကငွေပေးပြီးမင်းဘဝကိုခူးဆွတ်မလို့...ဒါပေမဲ့...ကိုမလုပ်ရက်ဘူး...
အချိန်တွေကြာလာလေကိုမင်းကိုချစ်လာလေ
ဖြစ်နေလို့ဘဲ...မိန်းမကောင်းတစ်ယောက်ဆိုတာ
လူလှနေတာထက်စိတ်ထားလှဖို့ပိုလိုအပ်တယ်"

" ဟုတ်ပါတယ် ကျမက ငွေနဲ့ချဥ်းကပ်ခဲ့တာ...
ဒါကြောင့်လွှတ်ပေးပါတော့လား..."

" ဒီမှာထား...အရင်ကမချစ်ခဲ့ပေမဲ့အခုချစ်နေပြီး
မို့ ဘယ်တော့မှလွှတ်ပေးမှာမဟုတ်တော့ဘူး..."

" ဒါပေမဲ့ ငွေအတွက် ကျမဘဝကိုဒီညယူဖို့
မဟုတ်လား..."

" မင်းရဲ့အပျိုစင်ဘဝကိုယူချင်ရင်အစကတည်း
ကယူပြီးတာကြာပေါ့...အဲ့လိုလုပ်ရပ်ကအောက်
တန်းကျလို့ မင်းကိုပိုပြီးတန်ဖိုးထားခဲ့တာလေး"

Dark ( or ) မုဆိုးဖို Where stories live. Discover now