တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

Start from the beginning
                                    

ယခုအချိန်တွင် လီကျူးကျန် သူနေ့တိုင်းလုပ်သကဲ့သို့ ပြဿနာရှာရန်ရောက်လာသောကြောင့် လီမင်ကျဲက အပြင်မထွက်ချင်ပေ။ သူ့ဇနီးသည်က အသက်နှစ်နှစ်အောက် ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်နေပြီး သူ့ကိုယ်လုပ်တော်၏ ဗိုက်ထဲမှာလည်း ကလေးတစ်ယောက်ရှိသေးသည်။ အကယ်၍ သူမသာဤမဆိုင်ဘဲဝင်ရှုပ်သူကြောင့် လန့်သွားမည်ဆိုလျှင်. . .

"လီကျူးကျန်... မင်း ဘာကိစ္စရှိလို့လဲ"

လီကျူးကျန်ကို မြင်လိုက်ရသောအခါ လီမင်ကျဲ မျက်မှောင်မကြုတ်ဘဲမနေနိုင်ပေ။

လီမင်ကျဲ၏ဇနီးက ခင်ပွန်းဖြစ်သူအား ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။ ခင်ပွန်းဖြစ်သူ၏ မကာင်းမကန်း ကြင်နာမှုတွေကြောင့်သာ မဟုတ်လျှင် လီကျူးကျန်က သူတို့အပေါ် မည်သို့တွယ်ကပ်နိုင်ပါမည်နည်း။

"လီကျူးကျန်...နင့်ကို အိမ်နောက်ဖေးကို တစ်ယောက်ယောက် ခေါ်သွားခိုင်းလိုက်မယ်"

လီမင်ကျဲ ၏ဇနီးက ပြောလိုက်သည်။

သူမ သူတပါးရှေ့တွင် မျက်နှာမပျက်ရလေအာင် လီကျူးကျန်ကို ပထမဦးစွာ ဖယ်ရှားပစ်ချင်ခဲ့သည်။ရလဒ်အနေနှင့် ... . . လီကျူးကျန်က ယခုအခါတွင် ကြောင်တက်တက်ဖြစ်ကာ မလှုပ်ရှားနိုင်တော့ပေ။

“လူကြီးမင်းလီ... တခြားသူတွေကို ကုန်ပစ္စည်းတွေ ပို့ပေးတာအပြင် ကျုပ်တို့ရဲ့ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက လူတွေရဲ့ အိမ်တွင်းရေးပြဿနာတွေကိုပဲဖြစ်ဖြစ်၊ သူတို့ရဲ့အကြွေးနဲ့ပတ်သက်ပြီး  သင်ခန်းစာတွေပေးတာပဲဖြစ်ဖြစ် သူတို့ရဲ့ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ တခြားအလုပ်တချို့ကိုလည်း ကူညီပေးမှာပါ... ပြဿနာမဟုတ်ရင် လူကြီးမင်းလီက အကူအညီတချို့ လိုချင်ပါသလား..."

ကျန်းကျန့်က မေးလိုက်သည်။

“ဒီလို အသေးအမွှားပြဿနာမျိုးက တစ်စုံတစ်ယောက်ကို ကြုံရာကျပန်း ခေါ် ရိုက်ခိုင်းရုံနဲ့ဖြေရှင်းနိုင်ပါတယ်... ငွေဆယ်စတည်းနဲ့ ခင်ဗျားရဲ့အိမ်တံခါးကို နောက်တစ်ကြိမ်ထပ်မလာရဲတော့ဘူးလို့ အာမခံလိမ့်မယ်...”

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now