တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

शुरू से प्रारंभ करें:
                                    

"ကြက်ပေါက်တွေနဲ့ ဘဲပေါက်တွေ အများကြီးပဲ...မင်းသူတို့နဲ့ဘာလုပ်မှာလဲ"

တစ်စုံတစ်ယောက်က ကျန်းကျန့်ကို အံ့ဩစွာ ကြည့်နေသည်။ ဘဲသုံးဆယ်ကျော်နှင့်ကြက်ကောင်ရေ လေးဆယ်ကျော်ကို ဝယ်ယူခဲ့သည်။ဒီလောက်များတဲ့ ကြက်နဲ့ဘဲတွေကို ဘယ်သူမှ မွေးမှာမဟုတ်ဘူးမလား...သူတို့က အစားအသောက် ဘယ်လောက်များစားချင်နေကြတာလဲ...

“သူတို့ကို မွေးမြူပြီး ပိုက်ဆံနဲ့ရောင်းမှာ”

ကျန်းကျန့်က ပေါ့ပေါ့ပါးပါး တုံ့ပြန်ခဲ့သည်။

“ကြက် နဲ့ ဘဲ တွေ ဒီလောက် အများကြီး ရောင်းနိုင်မှာလား ”

ထိုလူက ကျန်းကျန့်ကို အံ့ဩစွာကြည့်သည်။

ကျန်းကျန့်က ဘာမှပြန်မပြော။ ဒါပေမယ့် ကြက်သား နဲ့ ဘဲ တစ်ရာနီးပါး ထပ်ပေါင်းလိုက်ရင် ရောင်းဖို့ နေရာမရှိတော့ဘဲနေဦးမလား...အခမ်းအနား ကြီးကြီးကျယ်ကျယ် ကျင်းပတဲ့ မိသားစုကြီးအတွက် လုံလောက်ရုံပဲရှိတယ်...

လှေလှော်ရင်း ကျန်းကျန့် ကြက်နှင့်ဘဲတစ်သိုက်ဖြင့် အိမ်ပြန်လာခဲ့သည်။

ယခင်ကသူတို့မွေးမြူခဲ့သော ကြက်များနှင့် ဘဲများအားလုံးကို ကျန်းကျန့် ဝယ်သည့်မြေတွင် ထားထားသည်။ နေ့ဘက်တွင် ခြံစည်းရိုးကာထားသော နေရာတွင် ထားခဲ့ကာ ညဘက်တွင် တဲထဲတွင် သော့ခတ်ထားသည်။ အလွန်သေးငယ်သော ဤကြက်ပေါက် နှင့် ဘဲပေါက်များကို ကျောက်လျူ နှင့် စန်းရှောင်ရှန်းတို့က ပြုစုစောင့်ရှောက်ခဲ့သည်။

ကျန်းကျန့်က ဝမ်ဟိုင်ရှန်း ၊စန်းရှောင်ရှန်း၊ဟယ်ချွန်းရှန့်  နှင့် ဟယ်ရှားရှန့်တို့ကို ပိုက်ဆံပေးကာ သူတို့ကို ဝိုင်းကူခိုင်းပြီး လူငယ်များအား ပညာအချို့ကို မနက်တိုင်း သင်ပေးခဲ့သည်။

ကျန်းကျန့်က အခြေခံအားဖြင့် ဤလူများအား ကြက်၊ ဘဲများ မွေးမြူခြင်းအပြင် လယ်ကွင်းအလုပ်များအားလုံးကို ပေးလုပ်ခဲ့ပြီး သူကိုယ်တိုင် ကျောက်ကျင်းကောကို နေ့တိုင်းခေါ်ဆောင်ကာ လျူဟိုင်ထုန်၏ လက်အောက်ငယ်သားဟောင်းများကို စတင်စုဆောင်းခဲ့သည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)जहाँ कहानियाँ रहती हैं। अभी खोजें