“ ဟုတ်ပါတယ်… ”
ရွှယ်လင်က ယနေ့သူ့ ရည်ရွယ်ချက်မှာ အလွန်ရိုးရှင်းသောကြောင့် ထိုစကားပြောခန်းကိုဆက်လက်ထိန်းသွားရန် အစီစဉ်မရှိပေ။ သူက သူ့လက်ဆွဲအိတ်မှ စာရွက်စာတမ်းတစ်ခုကို ဆွဲထုတ်ယူလိုက်ပြီး ရိုးရိုးရှင်းရှင်းပင်ပြောလိုက်သည်။
“ အကယ်၍ မင်းဒီမှာ လက်မှတ်ထိုးရင် လူတိုင်းအတွက် အကျိုးရှိမယ်…ငါတို့လည်း ငါတို့တခြားနည်းလမ်းနဲ့ခွဲပြီးသွားမယ်…ကျန်တဲ့ဘ၀တစ်လျှောက်လုံး မင်းရှေ့ငါလုံးဝကို ပေါ်မလာတော့ဘူး…”
ရှုယုံယီက သူ့စကားများကိုမယုံဘဲ မျက်မှောင်ကြုတ်လိုက်သည်။ သူ လျှောက်သွားလိုက်ပြီး ထို စာရွက်ကိုကောက်ယူကြည့်လိုက်သောအခါ သူ့မျက်မှောင်ကြုတ်ထားခြင်းက ပိုဆိုးလာသည်။ စာချုပ်ပေါ်တွင် ပြောင်ပြောင်တင်းတင်းပင် စကားလုံးသုံးလုံးကိုရှင်းလင်းစွာပုံနှိပ်ထားသည်။
ကွာရှင်းပြတ်ဆဲခြင်း စာချုပ်…
ရှုယုံယီ က ရွှယ်လင်ကစားနေသည့်လှည့်ကွက်များကိုသိလိုသောကြောင့် အတော်ပင် သည်းခံကာဖတ်လိုက်သည်။ ထို့နောက်သူကစာရွက်စာတမ်းများကိုဆုတ်ဖြဲလိုက်သည်။
ရွှယ်လင်က သူ့စိတ်နေစိတ်ထား ကောင်းမွန်လိမ့်မည်မဟုတ်ဟု ကြိုတင်မျှော်လင့်ထားသည်။ သူက ဆိုဖာပေါ်တွင် အေးအေးလူလူမှီထိုင်နေကာ သူ့မျက်နှာပေါ်တွင်ပြုံးရိပ်တစ်ခု သန်းနေသည်။
“ ဖြဲပစ်လိုက်လည်းအဆင်ပြေပါတယ်…ဒီမှာ မိတ္တူတွေအများကြီး ငါ့ဆီရှိနေသေးတယ်…"
ရှုယုံယီ ကဒေါသတကြီးနှင့်ရယ်မောလိုက်သည်။
“ မင်းကိုယ်မင်း ဘာထင်နေတာလဲ…ငါ့ပိုင်ဆိုင်သမျှနဲ့လျော်ကြေးပေးစေချင်တာလား…အရမ်းရယ်ရတယ်. မင်းက ဘာမှမလုပ်ဘဲနဲ့ မင်းလိုချင်တာကို ယူချင်တယ်….ကမ္ဘာပေါ်မှာ ဒီလိုမျိုး ကောင်းတဲ့အရာမရှိတော့ဘူးပေါ့…”
“ ငါတို့လိုချင်တာကို ယူနိုင်လို့သာ ဘာမှလုပ်စရာမလိုတာပါ …”
ရွှယ်လင်ကသူ့လက်ကိုဆွဲကိုင်လှုပ်လိုက်သည်။
“ မင်းနဲ့ငါ့အစ်မခွဲနေတာ ၂နှစ်ရှိပြီ…ကွာရှင်းမှုအတွက်တရားရုံးကို ဦးတိုက်လျှောက်လို့ရတယ်…. ငါ့ယောက်ဖကိုအခွင့်အရေးပေးချင်တဲ့အတွက် ဒီသဘောတူညီချက်ကို ငါပြင်ဆင်ခဲ့တာ… ယောက်ဖက ငါ လုပ်ပေးထားတဲ့ အခြေအနေတွေကို သဘောမကျတဲ့ပုံပဲ…"
Chapter 20
Start from the beginning