" ငါဒီကျောင်းမှာလာတက်နေရတဲ့
အကြောင်းရင်း သုံးချက်ပဲရှိတယ် ။

တစ် - ဒီက ဝက်သားပြားကြော်က စားလို့ကောင်းလို့
နှစ် - ဒီက ဝက်သားပြားကြော်က စားလို့ကောင်းလို့
သုံး - ဒီက ဝက်သားပြားကြော်က စားလို့ကောင်းလို့ "

" တစ် - အီဂျောင်ဟျွန်းက ဒီကျောင်းမှာတက်နေလို့
နှစ် - ကိုယ်ပိုင်ကျောင်းလိုမဟုတ်ဘဲ စာမလုပ်ပဲနေလို့ရလို့
သုံး - မင်းအဖေ ငါနဲ့မခွဲနိုင်လို့ .. "

" နောက်ဆုံးတစ်ကြောင်းကို
လန်ကြုတ်ပြီး လျှောက်ပြောမနေနဲ့
လူတွေကြားရင် အထင်လွဲကုန်မယ် "

" ကြောင်ချီးလိုကောင် "

" ဟာ ဒီပါပီလိုကောင်ကတော့ !
ထမင်းစားနေတယ်လေ ရွံစရာတွေပြောနေလိုက် "

ထမင်းပလုတ်ပလောင်းစားနေရင်းက ရှုံ့မဲ့သွားတဲ့ချွမ်ရွေ့ရဲ့မျက်နှာကိုကြည့်ပြီး ဂယူဘင်းခပ်တိုးတိုးရယ်မိလိုက်တယ် ။ အဲ့ဒီနောက် ချွမ်ရွေ့က သူ့မျက်နှာကိုတစ်ရှူးနဲ့ပေါက်လာတဲ့အခါမှာ လက်ခလည်ထောင်ပြပြီးသာ ဂယူဘင်းထထွက်လာခဲ့မိတော့တာပဲ ။

ဘယ့်နှယ် ၊ ကလေးလေးကိုမတွေ့ရလို့ လွမ်းနာကျနေပါတယ်ဆိုမှ ပေါက်ကရတွေလာလာပြောနေတယ် ။ ပြီးရင် သူမဟုတ်သလိုနဲ့ ဂယူဘင်းက အမဲခံလိုက်ရသေး ။ အဲ့ဒီလို အလိုက်မသိတတ်တဲ့ချွမ်ရွေ့က အလွမ်းတရားရဲ့အရောင်ကိုမှ နားမလည်တော့ အီဂျောင်ဟျွန်းကို ချစ်ခြင်းတရားရဲ့ အရောင်နဲ့ တမြတ်တနိုး မကြူးတတ်တာလည်း မဆန်းပါဘူး ။

ရှန်ချွမ်ရွေ့ အရောင်လိုမကြူးတတ်တဲ့ ၊ အရူးလိုကြောင် ။

🎮

[ Defeat ]

" ... "

တဖြူးဖြူးတိုက်ခံနေတဲ့ ခပ်တိုးတိုးလေသံတွေကြားကနေ LOL ရဲ့ sound effect အသံက ပြတ်ပြတ်သားသားကြီး ထိုးထွက်လာလေရဲ့ ။ ဆံပင်တွေကြားထဲထိ တိုးဝင်တိုက်ခတ်သွားတဲ့ လေပြေတွေကြောင့် မျက်စိပေါ်ဝဲကျနေတဲ့ ဆံပင်စတွေကို သပ်တိုက်လိုက်ပြီး ခုံးတန်းလျားပေါ် လှဲအိပ်နေရတာကနေ ဂယူဘင်းထထိုင်လိုက်မိ​တော့တယ် ။

My crush is my top fan !Where stories live. Discover now