အခန်း (၁၄) လူ့လောက၏သုခဘုံ

Start from the beginning
                                    

ရှန်ချန်းလင်က အံ့သြစွာဖြင့် မေးသည်။

ချင်ရှောက်ယွီကဆို၏။

" တစ်စက်လေးမှ ကောင်းကွက်မရှိဘူး "

..........

မင်းညီမ!

သူပြောတဲ့လူက အခုလက်ရှိရှိ မိမိမဟုတ်ဘူးဆိုတာ သိပေမယ့်လည်း အနည်းဆုံးတော့ နားထောင်ရတာ မပျော်ဘူးပေါ့!

ထို့ကြောင့်မို့ သရုပ်‌ဆောင်ရှန်က ထိုသူ့ထံ အလင်းအလျင်ဖြင့် လက်ခလယ်ထောင်ပြလိုက်လေသည်။

" အဲ့ဒီလက်အမူအရာရဲ့ အဓိပ္ပါယ်က ဘာလဲ? "

ချင်ရှောက်ယွီက မေးသည်။

" မင်းကို အင်မတန့် ခံ့ညားချောမောတယ်လို့ ချီးမွမ်းနေတာလေ "

ရှန်ချန်းလင်က သွက်လက်ချက်ချာစွာ ပြန်ဖြေသည်။

ချင်ရှောက်ယွီက ပြုံးစစဖြင့် သူ့ကို ကြည့်နေရင်း ဆိုသည်။

" အကယ်လို့ ဒီမျက်နှာလေးသာ အရင်အတိုင်း အပြောင်းမလဲ ရှိမနေဘူးဆိုရင် ကိုယ်တော့ မင်းက နဂို ရှန်ချန်းလင် လုံးဝ မဟုတ်ဘူးလို့တောင် ထင်မိတော့မယ် "

သူရဲကောင်းလေး.. မင်းရဲ့ဆဌမအာရုံက ခွေးထက်တောင် မှန်နေသေးတယ်!

ရှန်ချန်းလင်က ရင်ထဲတွင် စောင်းမြောင်းပြောလိုက်သေးသည်။ ထို့နောက်မှ ခြေထောက်မြှောက်ကာ ကန်ချလိုက်သည်။

" ငါ အနားယူတော့မယ်.. မင်းကြမ်းပေါ်ဆင်းအိပ်! "

" မသွားဘူး "

ချင်ရှောက်ယွီက ကိုယ့်ဘာသာ စောင်ခြုံအိပ်လေသည်။ ထို့ကြောင့်မို့ ရှန်ချန်းလင်က ပို၍ စိတ်ဆိုးလာတော့၏။

" ငါမင်းနဲ့ လက်ထပ်မှာ မဟုတ်ဘူးလို့တောင် ပြောနေပြီလေကွာ! "

ဘယ်လိုလုပ်ပြီး အရှက်မရှိ သူများ ခုတင်ပေါ်ကနေ မဆင်းရတာလဲ!

" ကိုယ်က မင်းကို လက်ထပ်မှ မဟုတ်ဘူး "

ချင်ရှောက်ယွီက သက်တောင့်သက်သာ ပြောလာသည်။

" မင်းကတော့ ကိုယ့်ကို လက်ထပ်မှပဲ ရမှာ "

ငိုး!

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now