အခန်း (၇) နတ်မျိုးနွယ် သားရဲတိရစ္ဆာန်

Start from the beginning
                                    

ချင်ရှောက်ယွီက စွပ်ပြုတ်ပန်းကန် ကိုင်လျက် အခန်းထဲဝင်လာလေသည်။ ထို့နောက် သူ့၏လက်ရှိ ဖြစ်ပျက်နေသော ရုပ်အခြေအနေကိုကြည့်ကာ "ခွီး" ကနဲ တစ်ချက်ရယ်လိုက်သေး၏။

"မင်းဘိုးအေကြီးကို ရယ်နေလိုက်"

ရှန်ချန်းလင်သည် ဒေါသထွက်ထွက်ဖြင့် သူ့နဖူးက တဘက်ကိုယူကာ လုံးထွေးပြီး ထိုသူ့မျက်နှာထက် ပစ်ပေါက်လိုက်တော့သည်။

"လင်အာ!"

ရှန်သခင်မကြီးကား ထိတ်ပျာသွားရသည်။

"ဒါက ဗုဒ္ဓဘုရားရဲ့ ရွှေခန္ဓာတော်ကို သုတ်တဲ့နေရာမှာ သုံးထားတဲ့ အထွတ်အမြတ်ပစ္စည်း... လျှောက်မလွှင့်ပစ်ရဘူးလေ!"

ငိုး!

ရှန်ချန်းလင်မှာ မျက်လုံးပြူးသွားရ၏။

သန့်ရှင်းသုတ်သင်ပေးတဲ့ အဝတ်လား?

ချင်ရှောက်ယွီ၏ မျက်နှာအစိတ်ပိုင်းအားလုံးမှာ တောင့်ခဲလျက်သာ။

"အရမ်းရယ်ရလား!"

ရှန်ချန်းလင်က စိတ်ဆိုးစွာဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။

"လုံးဝ မရယ်ရဘူး"

ချင်ရှောက်ယွီက ခေါင်းခါသည်။

"မရယ်ရဘူးဆိုပြီး မင်းပခုံးတွေတောင် တုန်နေတယ်လေ!"

ရှန်ချန်းလင်က ပိုလို့တောင် ဒေါသတကြီးဖြစ်လာသည်။

"ဒါက ကိုယ်ရင်ဘတ်အောင့်နေတာပါ"

ချင်ရှောက်ယွီက စွပ်ပြုတ်ပန်းကန်ကို ခုံပေါ်လှမ်းတင်ကာ ပြေပြေပြစ်ပြစ်ဆိုလာသည်။

"ဇနီးလေး သည်လိုအားနည်းဖျော့တော့နေတာကို မြင်ရတော့ ကိုယ့်နှလုံးသားတွေက ဓားနဲ့အမွှန်းခံနေရသလို ခံစားနေရတယ်လေ"

အချစ်နတ်ဘုရားကြီးလား မင်းက!

ရှန်ချန်းလင်က သူ့ကို စိတ်ပျက်သော အမူအရာဖြင့် ကြည့်လိုက်သည်။ သူ့ကို အပီအပြင် ငြင်းပယ်ရန် ဟန်ပြင်လိုက်ချိန်မှာပဲ ရှန်သခင်မကြီးက ပီတီမျက်ရည်များ ဖြာကျလာတော့သည်။

"မင်းတို့နှစ်ယောက် သည်လို ချစ်ခင်ကြင်နာနေကြတာကို မြင်ရတော့ အမေစိတ်ချသွားပါပြီကွယ်"

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now