"ဟုတ် ဒယ်ဒီဂရုစိုက်ပါ့မယ်"

"ဒါဆို ဒယ်ဒီ သွားတော့မယ် ထမင်းကိုပုံမှန်စားနော် ဒယ်ဒီမရှိလို့မစားပဲမနေနဲ့ဦး"

"ညာ ကလေးမဟုတ်တော့ပါဘူး ဒယ်ဒီရာ ဂရုစိုက်ပါ့မယ် ဒယ်ဒီသာ စိတ်ချလက်ချသွားပါ အဒေါ်ကြီးလည်းရှိတာပဲ ညာ့ကိုစိတ်မပူပါနဲ့ ကျန်းမာရေးသာဂရုစိုက်နော် ညာ ပေးထားတဲ့ဆေးတွေလည်းပုံမှန်သောက်"

"ဟုတ်ပါပြီဗျာ ဒါဆို ဒယ်ဒီသွားမယ်"

ဒယ်ဒီ့အား ကားအနားထိလိုက်ပို့ရင်း အိမ်ထဲပြန်ဝင်လာခဲ့လိုက်သည်။ ဒယ်ဒီက လူမှုရေးကိစ္စတစ်ချို့ကြောင့်ခရီးထွက်သွားတာဖြစ်သည်။ ညာလည်းအိမ်မှာတစ်ယောက်တည်းမို့ ပါးပါးဆီသွားဖို့အတွက် တွေးမိပေမဲ့ စိတ်ကလည်းမရဲပေ။ အကယ်၍ အဲ့ဒီလူရှိနေရင်ဆိုတဲ့အတွေးကိုတွေးမိတိုင်း  ညာ မသွားချင်တော့။ အဲ့ဒီလူနဲ့ရန်တွေလည်းမဖြစ်ချင်သလိုစကားတွေမများချင်တော့ပေ။

ဒီနေ့ကOff dayမို့ အိမ်မှာပဲအနားယူဖို့တွေးမိပေမဲ့ ပါးပါးနှင့်လည်းမတွေ့တာကြာပြီမို့ ညနေပိုင်းတော့သွားလိုက်ဖို့တွေးထားမိသည်။

ညာတွေးရင်းပင် အပေါ်ပြန်တက်ခဲ့သည်။ အချိန်တိုင်းအလုပ်တွေနှင့်ပင် နှစ်ပါးသွားနေရတာကြောင့် ဒီနေ့တော့ ကောင်းကောင်းအနားယူဖို့တွေးမိလိုက်သည်။ ဆေးရုံကိုတစ်ရက်မသွားရတော့ ဟိုလူနဲ့လည်းတစ်ရက်ကင်းလွတ်သွားသည်မို့ စိတ်ကျေနပ်သည်။

ထို့နောက် ညာ အခန်းထဲပြန်ရောက်လာတော့ ကုတင်ခေါင်းရင်းကိုမှီထိုင်ရင်း မသုံးတာကြာပြီဖြစ်တဲ့Facebook accထဲကိုဝင်လိုက်သည်။ Facebookက သိပ်မသုံးဖြစ်ပေမဲ့ ဖွင့်ထားတာကြာပြီမို့ Accထဲမှာတော့ ကျောင်းတုန်းက ငယ်သူငယ်ချင်းတစ်ချို့နှင့် ဆရာ ဆရာမတွေရယ် အသိတစ်ဆွေတစ်ချို့ရယ်သာရှိသည်။

Facebookထဲဝင်လိုက်သည်နှင့်Notiတွေကဆက်တိုက်လာသည်မို့ ဝင်ကြည့်လိုက်တော့ ဆေးရုံက နက်စ်တစ်ချို့က Add ထားသည့် Fri listတွေကိုတွေ့လိုက်ရသည်။ အကုန်လုံးကိုAcceptလုပ်ပေးလိုက်သည်နှင့်တစ်တောင်တောင်နှင့်စာတွေကတက်လာသည်။

Difference Between Us [ Ongoing..]Where stories live. Discover now