ခမ်းနား ရစ်ကိုကြည့်ပြီး စိတ်ညစ်သွားသည်။ခုနက အော်ကြီးဟစ်ကျယ်နဲ့ အူတက်မတက်ရယ်နေတဲ့သူက အခုတော့အလုပ်လုပ်နေတာ ခုနကသူမဟုတ်သလိုပင်။ခမ်းနားတစ်ယောက် ရစ်ကိုကြည့်ကာစိတ်လေလာရသည်။

"ဇူဇူး..."

" ငါ့ကို အမြွှာလေးတွေနဲ့ မိတ်မဆက်ပေးတော့ဘူးလား"

" မွေးလည်းမွေးပေးရသေးတယ် ကလေးတွေကျတော့တွန့်တို့နေလိုက်တာ ဟွန့်"

"မင်းတွေ့ချင်ရင် အိမ်သွားကြည့်ပေါ့ "

"အိမ်မှာမေမေနဲ့ရှိတယ် မေမေကမင်ကိုမှတ်မိပါတယ်"

" ငယ်ငယ်ကသွားပိုးစားတဲ့သွားကျိုးလေးကို မှတ်မိနေမှာပါ"

"ဟျောင့် မင်းအပေါက်ပိတ် "

"ဒီလောက်လှတဲ့ ငါ့သွားတွေကို ဘယ်နားကသွားပိုးစားရမှာလဲ "

တစ်ရှူးရှူးတရှဲရှဲနဲ့ ထပြော‌လာတဲ့ ခမ်းနားကို ရစ်ကမော့မကြည့်ဘဲ ဘယ်လိုပုံစံဖြစ်နေမလဲဆိုတာ အတက်သိနေခဲ့သည်။

"နေ့လည်စာစားချိန်တောင် ရောက်နေပြီ အပြင်မှာနေ့လည်စာသွားစားရအောင် ဇူဇူး"

ရစ်လက်ထဲက နာရီကိုတစ်ချက်ကြည့်မိတော့ ဆယ့်နှစ်နာရီတင်းတင်း ရှိနေပြီးဖြစ်‌တဲ့အတွက်ကြောင့် လုပ်လက်စအလုပ်တွေကို လက်စသတ်ကာ နေ့လည်စာစားဖို့ စဉ်းစားလိုက်သည်။

.......

ရစ်နဲ့ခမ်းနား Company နဲ့မနီးမဝေးဆိုင်တစ်ဆိုင်မှာသာ နေ့လည်စာစားဖို့ သဘောတူလိုက်ရသည်။ထိုဆိုင်ထဲဝင်ဝင်ချင်း ဆိုင်ရဲ့အပြင်အဆင်ဟာ ရှေးခေတ်ပုံစံကိုအသားပေးပြင်ဆင်ထားကာ private ဆန်ဆန်‌အခန်းလေးတွေ ပြင်ထားသည်။

ရစ် ဆိုင်အတွင်းဘက်မရောက်ခင်မှာ မျက်လုံးထောင့်ကနေ မြင်လိုက်ရသည့်ရင်းနှီးသည့် ပုံရိပ်တစ်ခုကို ဖြတ်ကနဲ မြင်လိုက်ရပေမယ့် ထိုအရာကိုဂရုမစိုက်ဘဲ ဆိုင်ရဲ့ထောင့်ကျတဲ့ နေရာတစ်ခုကိုသာ ရွေးချယ်လိုက်သည်။

"ခမ်းနား မင်းစားချင်တာကိုမှာ ကိုယ့်ဘာသာကိုယ်ရှင်း"

"ဟွန့် ....သိပါတယ်"

Twins Baby's Father Where stories live. Discover now