''ဟယ် မိုးသားရယ် ဘာလို့ခုလိုခေါင်းမာပြီးပေပေတေတေလုပ်နေတာလဲ မိုးသားမိသားစုကိုလှမ်းခေါ်ပြီးဆေးကုသမှုခံယူဖို့လုပ်ရမှာပေါ့''

''ဟင့်အင်း ဘယ်သူ့ကိုမှလှမ်းမပြောပါနဲ့နော်  အချိန်ကျလာရင်မိုးသားကိုယ်တိုင်ခေါ်ပါ့မယ်''

''မိုးသားရယ်''

တွယ်တာမှာမျက်ရည်တွေရစ်ဝဲရင်းမိုးသားခေါင်းလေးအားသူမဗိုက်မှာမှီစေပြီးပုခုံလေးအားဖက်ထားလိုက်သည်။
ဒီကောင်မလေးခေါင်းသိပ်မာတာပဲ။

တွယ်တာ မိုးသားမိသားစုတွေကိုလှမ်းပြောမယ်လုပ်တော့သူမကကိုယ့်ကိုယ်ကိုတစ်ခုခုလုပ်ပစ်မယ်ဆိုပြီးခြိမ်းခြောက်၍တွယ်တာမှာဘယ်သူ့မှလှမ်းမပြောရဲ။
ချော့မော့နားချတော့လည်းမိုးသားကခေါင်းမာနေပြန်၏။

အကယ်၍ခုနေအခါမှာသူမမိသားစုကိုလှမ်းပြောလည်းအချိန်မှီတော့မှာမဟုတ်ပေ။
မိုးသားကမကြာခင်မှာအားလုံးကိုစွန့်ခွာသွားတော့မယ်အရိပ်အယောင်တစ်ချို့တွေ့နေရတာကြောင့်ဖြစ်သည်။

💙💙

သူမစိတ်နဲ့ပဲအားလုံးဟာပူပန်မှုတွေကိုရင်ဝယ်ပိုက်ထားရတာလအတော်ကြာခဲ့ပြီ။

သတိုးသည်လည်းသူမစိတ်ကြောင့်ကောင်းကောင်းလည်းမအိပ်နိုင် ကောင်းကောင်းလည်းမစားနိုင်ပဲလူကအားပြတ်ကာဆေးပါသွင်းရသည်ထိပင်။

သူ့ကိုအရမ်းချစ်တဲ့သူဒီကမ္ဘာကြီးရဲ့တစ်နေရာမှာရှိနေသေးတယ်ဆိုမိုးသားကိုသိစေချင်သည်။
သူမကိုပြန်လာစေချင်သည်။

ဒါပေမယ့်မိုးသားကသူမထင်ထားလောက်အောင်ကိုအသည်းမာပြခဲ့လေ၏။

____________

''ဟဲလို''

''ဟဲလို ဘယ်သူပါလဲ''

တစ်ဖက်ကငိုသံစွက်နေတဲ့အသံဖြင့်

''အစ်မပါသတိုး တွယ်တာပါ''

သတိုးကတစ်ချက်စဥ်းစားပြီးမှ

''ဪ မနွေဦးဆိုင်မှာလုပ်ဖူးတဲ့အစ်မပဲ ဘာကိစ္စရှိလို့လဲအစ်မ ကျွန်တော့်ဖုန်းနံပါတ်ကရောဘယ်ကရတာလဲ မနွေဦးဆီကလား''

You've reached the end of published parts.

⏰ Last updated: Mar 28 ⏰

Add this story to your Library to get notified about new parts!

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား[completed]Where stories live. Discover now