ပေါင်လူကြီးမင်းကိုယ်တိုင်မှာလည်း ဇနီးနှစ်ယောက်နဲ့ ကိုယ်လုပ်တော်တစ်ယောက်ရှိတာမို့ အခုလိုမျိုးကျ မျက်နှာပူစရာဖြစ်နေတာပဲဖြစ်ပါတယ်။ပေါင်လူကြီးမင်းက တည်ကြည်လေးနက်သူမို့ မယားပြိုင်စနစ်ကိုကျင့်သုံးပေမဲ့ တခြားအရာရှိတွေလို လိုက်ပြီးကြွားဝါတတ်သူမျိုးတော့မဟုတ်ဘူး။ ဒါကြောင့်လည်း အခုလို လူကြီးမင်းကိုယ်တိုင် ရုံးတော်မှာတိုက်ရိုက်ဖြေရှင်းပြရတာမျိုးကျ မျက်နှာပူလိမ့်မှာတော့ အသေအချာပါပဲ။

ရိပေါ်လည်း ပေါင်လူကြီးမင်းရဲ့ ရေနွေးခွက်ကို ခပ်သွက်သွက်ထပ်ဖြည့်ပေးလိုက်ပြီး လက်နှစ်ဖက်ကို အုပ်ယှက်လို့ စကားတုံ့ပြန်လိုက်ပါတယ်။

"လူကြီးမင်းကို နှောင့်ယှက်စေမိပါပြီ..."

"မဟုတ်တာ...မဟုတ်တာ..ဒါနဲ့ အိမ်တော်သခင်က အိပ်ရာထဲအထိတောင် လက်နက်ဆောင်တာလား...ဓားသမားလည်းမဟုတ်ပါဘူး"

ပေါင်လူကြီးမင်းက လက်တခါခါနဲ့ငြင်းအပြီးမှာတော့ စကားလမ်းကြောင်းလွှဲလာပါတယ်။ပုံစံအရ သူ့အမျိုးသားလေးရဲ့ တိုင်တောမှု​ကြောင့် သူ့ဆီက စကားနှိုက်နေပုံပဲ။ဒါပေမဲ့ ရိပေါ် ဘယ်လိုရှင်းပြရမယ်မှန်း တကယ်မသိဘူး။ သူက လက်နက်ဆောင်တာလည်းမဟုတ်သလို ဓားနဲ့လည်းမထောက်ခဲ့တာအမှန်။သေချာတာကတော့ မနက်ခင်းရောက်တာနဲ့ တက်ကြွလှုပ်ရှားတတ်တဲ့ လျှို့ဝှက်ကြွက်သားကြောင့်ပါပဲ။

မနက်တုန်းက အဖြစ်အပျက်ကိုပြန်တွေးမိတာနဲ့ သူ့မျက်နှာတစ်ပြင်လုံး ရှိန်းတက်လာတယ်။မနက်တုန်းက သူနိုးလာတော့ သူ့ညီလေးက နိုးနှင့်ပြီ။ ရင်ခွင်ထဲရောက်နေတဲ့ အမျိုးသားလေးကို ငေးမိပြန်တော့ ညီလေးကလည်း ပိုလို့တောင်မြူးထူးလာရောပဲ။ ထိန်းချုပ္ရခက်တာမို့ အလိုက်သင့်လေးနေမယ်ကြံပြန်တော့ သူ့အမျိုးသားလေးကပါ နိုးလာရောလေ။

အမျိုးသားလေးရဲ့ ဒူးအကွေးမှာ ညီငယ်လေးနဲ့ တည့်တည့်တိုးတယ်။ သူ့မရီးကို အသိအမှတ်ပြုတဲ့အနေနဲ့ ညီငယ်လေးက ပိုလို့တောင် မြောက်ကြွမြောက်ကြွဖြစ်လာတာပါပဲ။ ကြားထဲက ရိပေါ်ခမျာ ရှက်ရှက်နဲ့ အိန္ဒြေဆည်ဖို့ကြိုးစားပေမဲ့ ရလဒ်ကတော့ အကြမ်းဖက်သူဖြစ်သွားရှာတယ်။

ғʀᴏᴍ ɴᴏᴡ ᴏɴ (Oɴɢᴏɪɴɢ)Where stories live. Discover now