Introduction

1.2K 40 5
                                    

(MTADမှာ MCရဲ့အမြင်၊ အတွေးကိုပဲအဓိကထားရေးမှာဖြစ်တာကြောင့်
ပုံပြင်တစ်ပုဒ်ဆိုလျှင် MCသည်ပုံပြောသူဖြစ်ပါသည်။)

ကျွန်တော့်ကထူးခြားခြင်းတွေနဲ့မွေးဖွားလာတယ်လို့ အဖွားကပြောခဲ့တယ်။

ဒါပေမယ့်ကျွန်တော်ဒါတွေကိုမယုံဘူး၊
ထူးခြားခြင်းဆိုတာကဘာလဲ၊
ကျွန်တော်ကသာမာန်လူတစ်ယောက်၊
သာမာန်လူထဲကလူပဲမို့ မွေးလာတယ်၊
ကြီးပြင်းတယ် ၊ သေမယ်။

ဒါပေမယ့် ကျွန်တော့်ရဲ့ ဒီလိုဝါဒအဆုံးသတ်တဲ့နေ့ကိုရောက်လာခဲ့တယ်။

အဲ့ဒီနေ့မှာ မိုးတွေရွာနေပြီး၊ ပင်လယ်အော်ထဲမှား လှိုင်းလုံးတွေ
ထနေတယ်။

မုန်တိုင်း သဏ္ဍာန်ရာသီဥတုမှာ
ဥတစ်လုံးကကျွန်တော်တို့ရဲ့
ကျွန်းပေါ်ကို ရောက်လာခဲ့ပါတယ်။

အဖြူရောင်ဥကအရွယ်အစားကြီးမားပေမယ့် အသိပညာနည်းသော
ကျွန်တော်တို့လီရာကျွန်းစုကလူတွေက
တော့ ငန်းဥ အထင်နဲ့ ကျွန်းစုခေါင်းဆောင် ရဲ့အိမ်ကိုသွားပို့ထားခဲ့တယ်။

ငန်းအကောင်ပေါက်လာခဲ့ရင်၊
နောက်ထပ် ငန်းတွေရဖို့လည်းရှိတာကြောင့်လေ။

ဘယ်သူကမှ ငန်းဥ ကဘာလို့ရေထဲမျှောလာလဲကို စိတ်ဝင်တစားမရှိကြဘူး။

စပ်စုတက်တဲ့ကျွန်တော်ကတော့
ကျွန်းစုခေါင်းဆောင် အိမ်ကို သန်းခေါင်ယံ အချိန်သွားပြီး၊

ထူးခြားတဲ့ငန်းဥကြီးကိုခိုးလာခဲ့တယ်။

ကျွန်တော့်စိတ်ထဲဒါကငန်းဥမဟုတ်ဘူးဆိုပြီး သံသယဝင်နေတာလေ။

အဲ့နေ့ညမှာပဲ ရွာထဲကို နဂါးကြီးရောက်လာခဲ့တယ်။

သူက ကျွန်တော့်လက်ထဲက ငန်းဥကိုစိုက်ကြည့်နေတယ်။

ပြီးတော့ ကျွန်တော့်နားတိုးလာပြီး
အံ့သြစရာဖြစ်ရပ်တစ်ခုဖြစ်လာခဲ့တယ်။

အဲ့တာက ဘေးလူတွေ က နဂါးကြီးကိုနဂါးအသွင်နဲ့မြင်နေရပေမယ့်၊
ကျွန်တော်ကလူ့အသွင်နဲ့မြင်နေရတာ
ပါပဲ။

သူကဒေါသတကြီး ကျွန်တော့်ကိုကြည့်နေခဲ့တယ်။

ပြီးတော့ လက်ဖြန့်လာတယ်။

𝕄𝔸ℝℝ𝕀𝔸𝔾𝔼 𝕋𝕆 𝔸 𝔻ℝ𝔸𝔾𝕆ℕ  ༎ᵒⁿᵍᵒⁱⁿᵍ༎Where stories live. Discover now