"အစ်ကို ကိုယ် တကယ် ဘာမှမဖြစ်ဘူး။ ဒီဒဏ်ရာလေးက
အပေါ်ယံလေးဘဲ သျှား ဘာမှမဖြစ်ဘူးလေ ခင်ဗျားရယ်။"

"ကိုယ် ဟင့်"

"စိတ်လျော့လိုက်နော် ဘာမှမဖြစ်ဘူး။
အဆင်ပြေသွားပြီ ခင်ဗျားလေးရဲ့"

ငိုနေတဲ့ ကလေးတွေ ချော့ရင် ပိုငိုသည်ဆိုသည်က
မှန်သညိ။
အစ်ကိုသည် သျှားရဲ့ ပုခုံးပေါ်မျက်နှာအပ်ထားလို့
ပိုလို့ မျက်ရည်တွေ စီးကျနေသည်ကို ခံစားမိသည်။

ဒီလူကြီး ဘယ်တုန်းကများ ဒီလောက်တောင်
အသည်းနုသွားရတာလဲ။

"အိမ်ပြန်မယ်နော် ခင်ဗျားရေ။
ကိုယ်တို့ ဒီနေ့အိမ်မှာဘဲနေမယ်နော်။
ဆိုင်ကယ်ကို တစ်ယောက်ယောက်ကို ပြန်ပို့ခိုင်းလိုက်မယ်
ကိုယ့်ကားနဲ့ ပြန်ရအောင်"

"အွန်း "

အသံတိုးတိုးလေးနှင့် ခေါင်းလေးငြိမ့်လာတဲ့ အစ်ကိုဟာ
သျှားကို ဖက်ထားသည်ကိုလည်း မဖယ်ပေ။

အသည်းအသက်လေးကို မကာကွယ်နိုင်မိတဲ့ ခွန်းထက်လွင်သည်
ကိုယ့်ကိုကိုယ် ဒေါသအကြီးကြီးထွက်မိသလို။
ဆုံးရှုံးလိုက်ရလျှင်လည်း ဆိုတဲ့ အတွေးကြီးကို
ဖျောက်ပစ်လို့မရပေ။
သျှားကို ထိရဲတဲ့သူတွေ အဆပေါင်းများစွာ
ခံစားစေရမည်။
သျှားနောကိမှာ မေ့လဲနေသူကို ခွန်းထက်လွင်
မျက်ရည်တွေကြားကနေ စိုက်ကြည့်လိုက်သည်။
လူသတ်ငွေ့တွေ ပါ၀င်သော အကြည့်သည် ပတ်၀န်းကျင်ကိုတောင် အေးစက်စေသည်။

ဒီလူတွေကို လုံး၀ခွင့်မလွှတ်ဘူး သေချင်ပြီး သေလို့မရတဲ့
ဘ၀ရောက်စေရမယ်။

သျှားမြတ်စေသာ အစ်ကို့ကို ဖက်ထားရင်း
စိတ်ငြိမ်လောက်သည်အထိ စောင့်နေလိုက်ပါသည်။
ဒီလူကြီး သိပ်ကို ထိတ်လန့်သွားမှာ။

"အိမ်ပြန်မယ်လေ မငိုနဲ့တော့နော်"

မငိုနဲ့တော့လေ ဆိုတဲ့ စကားအဆုံးမှာ ခွန်းထက်လွင်
နားရွက်ဖျားလေးတွေ ရဲတက်သွားသည်။
သူ သျှားကို မကြည့်ရဲတော့ဘဲ
လက်ကလေးကိုင်လိုက်ကာ သျှားကို ကားတံခါးဖွင့်ပေးလို့
၀င်စေလိုက်သညိ။

Melting In Love (Complete)Where stories live. Discover now