"မင်းတို့ သမီးရည်းစား ချစ်စနိုးနာမည်တွေကို အိမ်မှာထားခဲ့သင့်တယ်...ကဲ ကဲ...လိုရင်းကိုပဲပြောတော့..."

"အာ...ဒါက ဒီလိုပါ ပေါင်ကုန်း...ကျွန်တော်မျိုး  ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းချင်လို့ပါ"

"ဟေ..."

"ဟမ်...."

"အမ်...."    

"အိုး...."

သူ့စကားဆုံးတာနဲ့ အာမေဍိတ်သံတွေ မနည်းမနောထွက်ကျလာကြတယ်။သူလည်း ကြောင်အအကလေးဖြစ်သွားရပေမဲ့ အလျင်အမြန်အိန္ဒြေဆည်လိုက်ပြီး အသံစာစာလေးနဲ့ လျှောက်တင်ပါတော့တယ်။

"ဟုတ်ပါတယ်...ခင်ပွန်းဖြစ်သူက သူ့မျက်နှာချောချောကိုမှမထောက် ကျွန်တော်မျိုးကို ဓားတရွယ်ရွယ်နဲ့ ခြိမ်းခြောက်တဲ့လူရမ်းကားဖြစ်ကြောင်းပါ...အဲ့ဒါကြောင့် ကျွန်တော်မျိုးကို အဲ့လူကြီးနဲ့ ကွာရှင်းခွင့်ပေးပါ ပေါင်ကုန်း"

"နေ...နေပါဦးကွယ်"

သူ့အပြောကြောင့် ပေါင်လူကြီးမင်းတစ်ယောက် ဇဝေဇဝါလေသံနဲ့ တားမြစ်လာပါတယ်။နောက်တော့ သက်ပြင်းကိုဟင်းခနဲချလိုက်ပြီး စကားဆက်လာတာက...

"ခိုင်ဖုန်းရုံးတော်မှာ ကွာရှင်းခွင့်လျှောက်လို့မရဘူး မောင်မင်း"

"အဲ့ဒါဆို ဘယ်မှာလျှောက်ရမှာလဲဟင်"

"ဘယ်ကိုလျှောက်ချင်သေးတာတုန်း..ထုံးစံမှမရှိဘဲ"

"အွန်"

သူ့စကားဆုံးတာနဲ့ ပေါင်လူကြီးမင်းရဲ့ အော်သံဟိန်းဟိန်း ထွက်ကျလာတာကြောင့် သူ့ခမျာ ခေါင်းမော့မတတ်ဖြစ်သွားရတယ်။ အဲ့အချိန်မှာပဲ ပေါင်လူကြီးမင်းက စကားဆက်လာလေရဲ့။

"ခင်ပွန်းသည်က နှင်ထုတ်တာမျိုး၊ ခင်ပွန်းသည် ဒါမှမဟုတ် ဇနီးသည်ဘက်က ထွက်ပြေးတိမ်းရှောင်တာမျိုးကလွဲလို့ မောင်နှံစုံတွဲတွေအနေနဲ့ ကွာရှင်းခွင့်ဆိုတာမျိုးရယ်လို့က ရှိမှမရှိဘဲ၊ ကြေးရတတ်လူတန်းစားနဲ့ မင်းဆွေစိုးမျိုးတွေမှာဆို မယားပြိုင်စနစ်တောင်ရှိနေတာကို မောင်မင်းမေ့သွားပြီလား "

ပေါင်လူကြီးမင်းရဲ့ မေးခွန်းကြောင့် သူ့ခမျာ မျက်ဝန်းလဲ့လဲ့လေးတွေ ဝိုင်းစက်သွားရပြီပဲဖြစ်တယ်။ သူဒါတွေကို သတိမှမရတဲ့ဟာကို။သူက ဘယ်လိုလုပ် သိမှာတဲ့လဲ။ နောက်ပြီး မယားပြိုင်စနစ်ဆိုပဲ။ ဒါနဲ့  ဟိုလူကြီးကရော သူ့အပြင် တခြားတစ်ယောက်ယောက်ကိုများ လက်ထပ်ထားသေးသလား။

ғʀᴏᴍ ɴᴏᴡ ᴏɴ (Oɴɢᴏɪɴɢ)Où les histoires vivent. Découvrez maintenant