အဲ့တာဆို ဟွားရန်ကိုပြန်ခွင့်ပြုပါအုံးနော်
အပြင်မှာ တော်တော်မှောင်နေပြီမို့လို့ပါ
ဟန်ကောတို့နဲ့ တွေ့ခွင့်ရလို့ ပျော်ခဲ့ပါတယ်ဟွားရန် ရဲ့စကားကြောင့် ကျယ်ဟန်အပြင်ကို လှမ်းကြည့်လိုက်တော့ အတော်ပင်မှောင်နေလေသည်
"ကျွင့်ကျွင့် ဘယ်နှစ်နာရီထိုးနေပြီလဲ ဟင်"
"အမ် ၉ နာရီထိုးပြီလေ ဘာဖြစ်လို့လဲ ဟန်
အိပ်ချင်နေလို့လား""မဟုတ်ပါဘူး ကျွင့်ကျွင့်ရဲ့ ဟွားရန်က
မိန်းကလေးဆိုတော့ ညကလဲတအားမှောင်နေပြီလေ အဲ့တာ မင်းပဲလိုက်ပို့လိုက်ပါလား""ဟွား-ဟွားရန်က မလိုပါဘူး၊ကျွင့်ကောအနားယူပါစေ၊ လိုက်ပို့ဖို့ မလိုပါဘူး၊
ဟွားရန်က သွားရဲပါတယ်""အဲ့လိုတော့ ဘယ်ဖြစ်မလဲ၊ကျွင့်ကျွင့်လိုက်ပို့ပေးလိုက်ပါကွာ"
"ဟွန့် ဟန့်သဘောပဲ၊ဒီက ငယ်ကျွန်ကြီး
ကုန်းကျွင့်ကတော့ ဟန်ဟန် ခိုင်းသမျှ အကုန်လုပ်ပေးရတာပေါ့"
"ကျနော့်ဘ၀က အရမ်းဆိုးတာပဲ၊ မနက်ကတည်းက အလုပ်တွေလုပ်နေရတာတောင်မှ ဟန်ဟန်က မနားစေချင်ဘူး" "ဟင့်"(ကျယ်ဟန်က ခေါင်းခါလိုက်ပြီး)
"ကုန်းကျွင့်! မင်း ဟွားရန်
လိုက်ပို့ပေးမှာလားမပို့ပေးဘူးလား"(ကုန်းကျွင့်က မျက်ရည်လေးစမ်းစမ်းဖြင့်)
"အမေရယ် အမေ့သားဘဝ
ကိုလာကြည့်စမ်းပါအုံး၊ အမေ့သားရဲ့အဖြစ်ကတော့ ဟင့် မပြောချင်တော့ပါဘူး၊
ဟန်ဟန် ထားရာနေ စေရာသွားရတဲ့
ဘ၀လေးပါ ဟင့်"(ဟွားရန်ကတော့ကြောင်အအဖြင့်ရပ်ရင်း)
"ဟို-ဟိုလေ ဟွားရန် က ပြန်ရဲပါတယ်.
ကျွင့်ကောလဲ သနားပါတယ်."မရပါဘူး! ကုန်းကျွင့် မင်းလိုက်ပို့ပေးရမယ်!
(နောက်ဆုံးမှာတော့ ကျယ်ဟန်ရဲ့စကားကို
မပယ်ရှားရဲကြဘဲ ဆေးရုံအပြင်ကိုထွက်ခဲ့ကြတယ်)ယိုး! ဟွားရန်တဲ့ပါလား..နာမည်လေးကအလှသားပဲနော်. လော်အဒေါ်
(ကျယ်ဟန်ရှေ့မှာ အမြီးကုပ်ပြီးနေလာခဲ့တဲ့ တောင်ကြားသခင်ကြီးက ပါဝါတွေစပြပါပြီမျက်စိတစ်မှတ်အတွင်းမှာငယ်ရွယ်နုပျို
နေတဲ့ဟွားရန်ဆိုတဲ့ ကောင်မလေးက
ဆံနွယ်ဖြူတွေဝဲကျနေတဲ့အနီရောင်ရိုးရာ
အကျီကိုဆင်မြန်ထားတဲ့ ၃၀ အရွယ်အမျိုးသမီးပုံစံပြောင်းလဲသွားခဲ့တယ်အားရှင်း" မင်းကိုတော့ ငါတကယ်
မလှည့်စားနိုင်ပါဘူး မင်းက အရမ်းမျက်စိလျင်တာပဲ အားရှင်းဟက် လော်အဒေါ်ကလည်း မြှောက်
မနေစမ်းပါနဲ့ ပထမတော့ ကျနော်လည်း အငိုက်မိသွားပါသေးတယ် ဟက်အားရှင်း မင်းသူ့ကို ဘယ်လိုထင်လဲ
သူကတကယ်ပဲ ကျိုးကျစ်ရူးလားလော်အဒေါ် ကျနော် အခုထိခန့်မှန်းလို့
မရသေးဘူး ဒါပေမယ့် ဟန်က သူကလေ အားရွှီနဲ့ အရမ်းတူတယ် လော်အဒေါ်အားရွှီ က ကျနော့်ကို သူပြန်လာခဲ့မယ်လို့ပြောခဲ့တယ် အဲ့ဒါကြောင့် ကျနော်သူ့ကို
စောင့်နေခဲ့တာ တကယ်လို့ ဟန်ကသာ တကယ် အားရွှီ ဆိုရင်လေ ကျနော် ဒီတောင်ကြားသခင်ဆိုတဲ့ ရာထူးကိုလဲ
စွန့်လွှတ်ပြီး သူနဲ့အတူ နေသွားချင်တယ်
လော်အဒေါ်အားရှင်း..မင်းက တကယ့်ကိုအရူးတစ်ယောက်ပဲ ငါလဲ တတ်နိုင်သလောက် သူ့ကိုအတိတ်ကိုပြန်မှတ်မိအောင် လုပ်ပေးခဲ့ပါတယ် တကယ်လို့ သူသားကျိုးကျစ်ရူးဆို သူမှတ်မိသွားမှာ ပါ အားရှင်း
ကျေးဇူပါ လော်အဒေါ်..ကျနော့်ကိုပြန်ခွင့်ပြုပါအုံး ပြီးတော့ အားရှန်းကိုလဲ သတိရတယ်လို့ပြောပေးပါ..
လမ်းမီးတိုင်ရဲ့မှိန်ပျပျမီးရောင်အောက်
လူနှစ်ယောက်ရဲ့အရိပ်ဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တယ်.. ဦးတည်ရာတွေကတော့ မတူညီခဲ့ဖူးပေါ့..__________________
ဟဲဟဲ စာဖတ်သူတွေအားလုံးကို တောင်းပန်ပါတယ် လို့ ချယ်ရီ အခုမှ acc password ပြန်မှတ်မိလို့ပါ ..>•<
![](https://img.wattpad.com/cover/301741275-288-k150399.jpg)
YOU ARE READING
Mr.Vampire and his wife Han
Fanfictionနှစ်ပေါင်းတရာကျော် ရှင်သန်လာတဲ့ Vampire gong jun နဲ့ သူ့ရဲ့ ချစ်ဇနီးလေး ဟန် တို့ အကြောင်း