145:လျှို့ဝှက်ချက်

Začít od začátku
                                    

သူ့အမေ၏မျက်လုံးများသည် ရုတ်တရက်နီရဲလာခဲ့သည်။ ဒီအချိန်မှာတောင် သူ့သားက သူ့ကို ဂရုစိုက် တုန်းပဲ သူမလိုချင်တာကတော့သူမသားလေးအဆင်ပြေဖို့ပါပဲ

"အမေနောက်တခါထပ်ခံစားရမှာကိုစိုးရိမ်နေတာလား?အရူးလေး အမေတို့ဘယ်လောက်အဆင်ပြေနေလဲဆိုတာကြည့်ပါဉီး..အမေ့ကိုပြောပါဉီးဘာလို့အဲ့လိုအတွေးတွေရှိနေရတာလဲဆိုတာ?မင်းမှာအတည်တကျအလုပ်လဲရှိတယ်လေပြီးတော့အမေတို့
မင်းလက်ထပ်ဖို့အတွက် တိုက်ခန်းလဲဝယ်ထားပြီးပြီလေ။တစ်ကယ်လို့အဲ့မိန်းမတွေကမင်းဘယ်လောက်ကောင်းလဲဆိုတာမသိဘူးဆိုရင်အဲ့ဒါကသူတို့လုံလောက်အောင်ကံမကောင်းနေလို့ပဲ!"

"ကျွန်တော်က ကောင်းတယ်လား" ဟဲကျင့်ရှုပ်ထွေးသွားရသည်။သူထင်ထားတာကတော့ ကောင်းတယ် ဆိုတာနဲ့သူကအဝေးကြီးပဲလားလိုလေ

သူ့အမေကသူ့ကျောကိုဖွဖွပုတ်ပေးနေသည်မှာ သူ ငါးနှစ် ခြောက်နှစ်အရွယ် ကလေးလေး ပြန်ဖြစ် သွားသလိုမျိုးပင်။ အရွယ်မရောက်သေးတဲ့ကလေးပြီးတော့ ပြုစုစောင့်ရှောက်ဖို့လိုနေတဲ့ကလေး၊သူမကိုပဲမှီခိုလို့ရတဲ့လေးလိုမျိုးပေါ့

"သေချာတာပေါ့မင်းကကောင်းတယ်လေ မင်းအဒေါ်တွေ အိမ်နီးချင်းတွေကမင်းကိုချီးကျူးနေတာမင်းမတွေ့သေးလို့ပြီးတော့ သူတို့က မင်းလိုနာခံတဲ့ကလေးရှိလို့ငါတို့ကိုအားကျနေကြတာ!"

ဟဲကျင့်သူငိုရမလားရယ်ရမလားတောင်မသိတော့ပါ။သူ့ကိုယ်သူအရမ်းတွေငြင်းဆန်ချင်နေခဲ့ပေမယ့်သူများတွေမျက်လုံးထဲမှာတော့အကောင်းဆုံးဖြစ်နေခဲ့တယ်တဲ့လေ

"ကောင်းပြီ ကောင်းပြီ မင်းအသက်ဘယ်လောက်ရှိနေပြီလဲ ဒါကိုတောင်လက်မခံနိုင်ဘူးလား?အမေကမင်းကိုထောက်ပြရဉီးမယ်"

သူ့အမေက ထပ်ပြီးlecture ရိုက်တော့မှာကို မြင်တော့ ဟဲကျင့်က အားနည်းစွာပြောလာခဲ့သည်။

"အမေ ကျွန်တော်ပင်ပန်းနေပြီ အခန်းထဲမှာ ခဏလောက်အိပ်လိုက်ဉီးမယ် ဟုတ်ပြီလား?"

ဟဲကျင့် ရဲ့အမေက အရက်အလွန်အကျွံသောက် တာနဲ့ပတ်သက်ပြီး သူ့ကိုနည်းနည်းအပြစ်တင်လိုက် သေးသည်။ ထို့နောက် သူမသည် သူ့ကို လွှတ်ပေးလိုက်ပြီး အရင် အနားယူခွင့်ပေးလိုက်တော့သည်။ အစောပိုင်းတွင် သူမသည် ဟဲကျင့် ကိုမေးစရာတစ် ခုရှိသေးသော်လည်း ဟဲကျင့် ၏နွေးထွေးသောပွေ့ဖက်မှုကြောင့် ရပ်တန့်သွားခဲ့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Kde žijí příběhy. Začni objevovat