18.1K 72 1
                                    

အမျိုးသား အဆောင်တစ်ခုရဲ့ အရှေ့မှ ဖြတ်သွားစဥ် အမှတ်မထင်ပဲ ​အဆောင်ထဲကို လှမ်းကြည့်မိတော့ ​အဆောင်ဝန်းထဲ၌ ယောကျာ်းလေးတစ်စုကိုတွေ့ရပြီး သူတို့သည် ဘာကိုသဘောကျပြီးရယ်နေကြသည်မသိ ရယ်မောလို့နေကြသည် ။
သူ့ရဲ့စိတ်ထဲမှာပဲ ထင်နေတာလား တကယ်ကြီးလားဆိုတာ မသိပဲ ထိုကောင်လေးတွေထဲက တစ်ယောက်ဟာ သူ့ကို ကြည့်နေပြီး တခြား သူငယ်ချင်း ကောင်လေးတွေကို သူ့အားကြည့်ဖို့ လက်ညှိုးထိုးပြလိုက်ပြီး ရယ်မောနေကြပြန်သည် ။
"ဟား ဟား ဟား "
"ဟား ဟား ဟား "
ကောင်လေးတွေသည် ကောလိပ်ကျောင်းသားများဖြစ်ကြကာ အသက်အားဖြင့် အလွန်ဆုံးရှိမှ ၁၈ နှစ်ဝန်းကျင်ခန့်သာဖြစ်လိမ့်မည် ။
ကောင်လေးတွေက ခြံရှေ့မှ သူ့ကိုဟားတိုက်နေကြတယ်လို့ ထင်ပြီး သူ တုန်လှုပ်သွားခဲ့ပေမဲ့ သေချာကြည့်ပြန်တော့လဲ အဲလိုမဟုတ်ပဲ သူ့တို့ဘာသာ စကားပြောပြီးရယ်မောနေကြတာ ။
ဘာပဲ ဖြစ်ဖြစ် ထိုကောင်လေးတွေရဲ့ ရယ်သံတွေကို သူနားခံနိုင်ဖြစ်နေသည် ။ တဖန် ထိုကောင်လေးတွေရဲ့အသံနဲ့အတူ နောက်ထပ် ယောကျာ်းလေးတွေရဲ့ ဟီးဟားတိုက်နေတဲ့ ရယ်သံတွေကို ထပ်ပြီးကြားယောင်လို့နေသည် ။
ထိုရယ်သံတွေကို ​သူ မကြားချင်တာကြောင့် ထိုအဆောင်ရှေ့မှာ ခပ်သုတ်သုတ်ပဲ ထွက်လာခဲ့​တော့သည် ။
"ကိုကြီးပိုင်သူ ကိုကြီးပိုင်သူ "
မည်မျှလောက် မြန်မြန်လျှောက်လာသည်မသိပဲ အဆောင်နဲ့ နည်းနည်းလှမ်းသေးတဲ့သူ့အိမ်ကို သူခဏလေးနဲ့ ရောက်လာခဲ့သည် ။
သူဟာ နယ်​မြို့လေးတစ်မြို့ရဲ့ သာမန်ရပ်ကွက်လေးမှာနေထိုင်ပြီး အိမ်ကတော့ သာမန်အိမ်လေးပေါ့ ။
သူ့အိမ်သို့ရောက်တော့ သူ့နာမည်ကို ခေါ်သံကြောင့် သူလှည့်ကြည့်တော့ ဘေးအိမ်က မြနှင်းဖြစ်ကာ လက်ထဲမှာလဲ စာအုပ်တစ်အုပ်နဲ့ ။
ကြည့်ရတာ ဆယ်တန်းကျောင်းသမလေး မြနှင်းဟာ သူနားမလည်တဲ့ စာကို သူ့အား လာမေးခြင်းဖြစ်ပုံရသည် ။
"မြနှင်း ဒီဟာလေး နားမလည်လို့ ကိုကြီးပိုင်သူ "
"အေး ပြပါအုံး "
သူထင်တာ မှန်နေပြီး ပြောတော့ မြနှင်းက သူ့ရဲ့ စာအုပ်ကို မြှောက်ပြလိုက်တော့ ပိုင်သူ သူမနားမလည်တဲ့စာကို ရှင်းပြပေးလိုက်သည် ။
"အာ အဲလိုကိုး ကျေးဇူးပဲနော် ကိုကြီးပိုင်သူ မြနှင်းမှာလေ အဲဒါနဲ့ အတော်လေးကို ကြာနေတာ ကိုကြီးပိုင်သူရှင်းပြတော့လဲ လွယ်သားပဲနော် ကိုကြီးပိုင်သူကအရမ်းတော်တာပဲနော် "
"အင်း အဲလောက်လဲမဟုတ်ပါဘူး မြနှင်းရာ သူ့ရဲ့ခြေခံသဘောကို နားလည်ရင် ရပါပြီ "
"ဒါနဲ့ ကြီးဒေါ်တို့မရှိဘူးလား "
"အင်း အပေါ်မှာ ရှိမှာပါ ငါလဲ စျေးလေးထွက်ဝယ်ပြီး အခုမှ ပြန်လာတာ သေချာတော့မသိဘူး "
"အမေရှိပါတယ် သားရယ် မြနှင်း နင့်အကို ကို စာလာမေးတာလား "
ပြောနေရင်းက အိမ်ပေါ်က သူ့အမေ ဆင်းလို့လာပြီးပြောသည် ။
"ဟုတ်တယ် ကြီးဒေါ် စာမေးလို့ ပြီးပြီဆိုတော့ သမီးမနှောင့်ယှက်တော့ပါဘူး ပြန်မယ်နော် ကိုကြီးပိုင်သူ "
"အေး "
မြနှင်း ပြန်သွားတော့ ပိုင်သူ အိမ်ပေါ်သို့ တတ်လာစဥ် သူ့အားပြောလာတဲ့ သူ့အမေရဲ့စကားကြောင့် ပိုင်သူ ထိတ်လန့်သွားမိသည် ။
"မင်းအကို ခန့်သူတို့ မနက်ဖြန် ဒီကို အလည်လာကြမယ်တဲ့ အဲဒါ အခုလေးတင် အမေ့ကို ဖုန်းဆက်တာ "
သူ့အမေရဲ့ စကားသည် ဒီတိုင်းနားထောင်ရင် ဘာတုန်လှုပ်စရာရှိလို့လဲလို့ မေးကောင်းမေးလို့ရပါတယ် ။ ဒါပေမဲ့ ပိုင်သူအတွက်တော့ အကိုခန့်သူဆိုတဲ့ နာမည် ကြားလိုက်ရုံနဲ့တင် တုန်လှုပ်မိသည် ။
ခန့်သူဆိုတာ သူ့ရဲ့အကိုဝမ်းကွဲ ။ အိမ်ထောင်ကျလို့ သမီးလေးတစ်ယောက်တောင် ရနေပြီဖြစ်သည် ။
အကိုခန့်သူ....
သူ အလည်လာမယ်တဲ့ ။ ဘာကြောင့် အလည်လာမှာလဲ ။
လူကိုတွေ့ဖို့ မဆိုထားနဲ့ နာမည်ကို ကြားရုံနဲ့တင် အတိတ်က ဖြစ်ရပ်တွေက သူ့ကို ခြောက်လှန့်လို့နေပြီး လူကိုပါ တွေ့ရမယ်ဆိုရင် သူဘယ်လိုလုပ်ရမှာလဲ ...
အချိန်တွေက အရမ်းကို ကြာခဲ့ပါပြီ ။
ဒါပေမဲ့ သူ့အတွက်တော့ မေ့လို့ မရနိုင်တဲ့ ဖြစ်ရပ်တစ်ခုဆိုတော့ သေရာပါသည်အထိ မှတ်မိနေပြီး ထိတ်လန့်နေရအုံးမှာပဲ ။
လွန်ခဲ့တဲ့ ၁၅နှစ်လောက်ကဆိုတော့...
ပိုင်သူရဲ့ အသက် ၁၂ နှစ် ၁၃ နှစ် ဝန်းကျင်လောက်ကပေါ့.....

စိတ္တဇ (18+)Where stories live. Discover now