သားက ခုဆို နေ့နေ့ညည  ရိပေါ်လေးနေခဲ့တဲ့ café လေးမှာဘဲ နေနေတယ် ဆိုသည့် ရှောင်ကတော်၏ စကားကြောင့် ယွီပင်း ရိပေါ်ဆိုင်လေးဆီကိုသာဦးတည်လိုက်သည်။

.....

ရှောင်ကျန့်  ဝိုင်းလေးတဝိုင်းမှာထိုင်ရင်း ကောင်တာဖက်ကို ငေးကြည့်နေမိသည်။

" ကော်ဖီ ရပြီ ကျန့်ကော Americano ခါးခါးလေး "

" ဟာာာ Americanoပါဆို ဘာလို့အပေါ်မှာ formတွေကပါနေရတာလဲကွားး"

" ဟီးးးး ပလိန်းကြီးဆို ကျတော့အချစ်တွေဖော်ပြလို့မရဘူးအ့ကြောင့် formနဲနဲထည့်ပြီးအချစ်တွေဖော်ပြထားတာ ဒီမှာမှာတွေ့လား ဟတ်ထု ဟီးးးး"

ကောင်တာထဲကနေ ကော်ဖီခွက်လေးကမ်းကာ မျက်ဝန်းတွေပိတ်ကျသည်အထိရယ်နေတဲ့ ကောင်ငယ်လေးဆီ ရှောင်ကျန့် အတုန်တုန်အရီရီနဲ့ ထသွားလိုက်သည်။

အစာမစား ညမအိပ် တဲ့နေ့ရက်တွေများလာတော့ အင်အားယုတ်လျော့နေသည့်သူကိုယ်က လမ်းလျှောက်ဖို့တောင်အနိုင်နိုင်။

ဒါပေမဲ့လဲ သူကောင်တာထဲက ပြုံးပြနေသည့် လူသားနားရောက်အောင် ကြိုးစားသွားလိုက်သည်။

" ဝမ် ...ဝမ်ဝမ်.... ကလေး"

သူအလိုရှိသည့်ပန်းတိုင်ရောက်တော့ သူ့ကိုအနူးညံ့ဆုံးပြုံးပြနေသည့်ကောင်ငယ်လေးဆီ လက်ကမ်းမိတော့ ပျောက်ကွယ်သွားတဲ့ ပုံရိပ်လေးကြောင့် သူငိုမိပြန်သည်။

" ဝမ်ဝမ် ရယ် "

ပျောက်ကွယ်သွားသည့်ပုံရိပ်လေးကို နှမြောသတစွာနဲ့ ခေါ်နေမိရင်း ကောင်တာထက် ခေါင်းမှောက်ချကာ မျက်ရည်တွေကို စီးကျခွင့်ပေးလိုက်သည်။

ကလင် ကလင်~~~

" ကျန့် ...ဟင့် ....ကျန့်ကော "

ပေါ်ထွက်လာသည့်welcome bell နဲ့အတူ တဆက်တည်းပါလာသည့် ခေါ်သံလေးကြောင့် ရှောင်ကျန့် ခါးတွေမတ်သွားပေမဲ့ လှည့်ကြည့်ဖို့မရဲ။  ဒီတခါလဲ စိတ်ကူးသက်သက်ဖြစ်ပြီး ပျောက်ကွယ်သွားခဲ့ရင် သူရူးရချည်သေးရဲ့။

.....

" အင့် "

တုန်ရီနေသည့် ခန္ဓာကိုယ်က သူ့ကို လှည့်မကြည့်ဘဲ ကြိတ်ကာကြိတ်ကာ ရှိုက်ကာရှိုက်ကာငို နေသည်မို့ ရိပေါ် အပြေးဝင်သွားကာ အနောက်ကနေ ခါးတဝိုက် တင်းကြပ်စွာ ထွေးဖက်လိုက်မိသည်။

Closer You & IWhere stories live. Discover now