ကလင် ကလင် ~~~_ရှောင်ကျန့် ကော်ဖီဖျော်နေစဉ် အော်မြည်လာသည့် welcome bell လေးကြောင့်~
"ပြန်လာပြီလား ကိုယ် ဒီမှာဝမ်ဝမ့်အတွက်ကော်ဖီတောင်....."
ဒီနေ့က ဆိုင်ပိတ်သည် ဆိုသည့် ဆိုင်းဘုတ်လေးချိတ်ဆွဲထားတာကြောင့် ဝင်လာသူက သူ့ ဝမ်ဝမ်လေးသာဖြစ်မည်လို့ တထစ်ချတွက်ကာ လှည့်မကြည့်တမ်းပြောလိုက်မိပေမဲ့ ဝင်လာသူက သူမျှော်နေခဲ့သည့်သူလေးတော့မဟုတ်ခဲ့။
"အာာ မား ပါး ဘယ်လိုက ဘယ်လို ရောက်လာတာလဲ ထိုင်ပါအုံး"
"သားက ခုတလောအိမ်တောင်ပြန်မလာလို့ လေ သားကနေနိုင်ပေမဲ့ မနေနိုင်တဲ့လူတွေက လာရတာပေါ့ သတိရတာကိုးး"
ရှောင်ကျန့် ဖျော်ထားသည့်ကော်ဖီတွေကို ပါးနဲ့မားကို ဧည့်ဝတ်ပြုလိုက်ရင်း~
" အွန်းးး မားကလဲ လျှောက်ပြောနေတယ် သားက သတိမရဘဲနေပါ့မလား လို့ လာပါအုံး အလွမ်းဖြေပါရစေဗျာ"
ရှောင်ကျန့် မားဘေးဝင်ထိုင်ကာ မားရင်ခွင်ထဲတိုးဝင်ကာ ချွဲနေလိုက်သည်။
"ခုမှ အပိုတွေ "
မားနှုတ်က သူ့ကို ကန့်လန့်ပြောနေပေမဲ့ လက်တွေကတော့ သူ့ဆံပင်ကို သပ်ပေးနေလေရဲ့။
"ဒါနဲ့ company ကိုတော့ မှန်မှန်သွားပါတယ်နော်သား "
ရှေ့က ပါးက မေးလာတာမို့ ရှောင်ကျန့် ကိုယ်ကိုပြန်မတ်လိုက်ကာ~
"ဒါပေါ့ ပါးရာ အချိန်မှန် နေ့တိုင်းသွားပါတယ် သား အလုပ်နဲ့ကိုယ်ရေးကိုယ်တာကိုတော့ခွဲတတ်ပါတယ်ပါးရာ "
"ဒါနဲ့ "
"ဟုတ်ပါး"
ပါးက သူ့ကိုတည်ငြိမ်စွာ ကြည့်လာကာ~
" ယန်းလီလေးပြောတယ် သားဟိုကလေးကို လက်ထပ်ခွင့်တောင်းပြီးပြီဆို"
သူက ဒီနေ့မှ ပါးနဲ့ မားကို surprise တိုက်တဲ့ အနေနဲ့ ဝမ်ဝမ်ကို ခေါ်သွားပေးဖို့ ကြံနေခဲ့ပေမဲ့ သူ့ထက်အရင် သတင်းက ရောက်နေနှင့်ပြီးသားတဲ့လေ မခံချင်လိုက်တာ။
" ဟုတ်ပါး မဟုတ်တောင် သားဒီနေ့သူ့ကိုခေါ်လာပြီး ပါးတို့နဲ့တရားဝင်လာမိတ်ဆက်ပေးမလို့ဘဲ"
YOU ARE READING
Closer You & I
Fanfictionအချစ်လို့ထင်နေတဲ့ အရာက အချစ်မဟုတ်ခဲ့ဘဲ စိတ် အပြစ်မကင်းစိတ် အားနာစိတ်ကို အခြေခံ၍ အမုန်းတရားကနေ လှပစွာ အသွင်ပြောင်းလာခဲ့တဲ့ ချစ်ခြင်းတရား ။ အခ်စ္လို႔ထင္ေနတဲ့ အရာက အခ်စ္မဟုတ္ခဲ့ဘဲ အပြစ်မကင်းစိတ် အားနာ သနားစိတ်ျကို အခြေခံ၍ အမုန်းတရားကနေ လှပစွာ အသွင်ပြေ...