အပိုင်း ၂၀🚨🔞🚨

Start from the beginning
                                    

"အစ်ကိုကိုင်ဖူးတဲ့ ကိုးလက်မနီးနီး ငါးရံ့ကြီးလေ"

"မင်း အရှက်ကိုမရှိဘူး"

"အရှက်ရှိလို့ဘဲအစ်ကိုကိုင်မိတာပေါ့ ပြီးတော့ ကျွန်တော့်အရှက်ကအကြီးကြီးနော်
ကိုင်ပြီးနားမလည်မလုပ်နဲ့ အစ်ကိုကျွန်တော့်ကိုတာဝန်ယူ"

ပြောရင်း လည်ပင်းလေးအားနှုတ်ခမ်းနှင့်ပွတ်ဆွဲလိုက်တော့ တုန်ရင်သွားတာသိသိသာသာ

"မင်း မလုပ်နဲ့ ဘာ​ဖြစ်ချင်​​နေတာလဲလို့"

"အစ်ကိုနဲ့ဖြစ်ချင်နေတာလို့"

"ပေါက်ကရတွေမပြောနဲ့... အွန့်"

နှင်းဆီတစ်ပွင့်လိုနှုတ်ခမ်းဆီနမ်းရှိုက်မိတော့ ရင်ဘတ်ကိုတွန်းကန်လာတဲ့လက်တွေ။နှုတ်ခမ်းတွေမှာ အရသာရှိသလားသူမသိသော်ငြား အစ်ကိုနှုတ်ခမ်းတွေကတော့ သူမစားသုံးဖူးသောအရသာတစ်ခုလို ချိုမြမြနှင့်။ခါးဆီမှလက်တွေတင်းကြပ်ပစ်ပြီး အစ်ကို့ကို သူ့အောက်ပို့ပစ်တော့ တူညီတဲ့ရပ်ဝန်းကငါးနှစ်ကောင် ခေါင်းချင်းတိုက်လို့နှုတ်ဆက်တယ်။

ပြူးကျယ်သွားတဲ့အစ်ကို့မျက်ဝန်းတွေနှင့်အတူ ပွင့်အာသွားတဲ့နှင်းဆီတွေကြား လျှာတိုးဝင်လို့ သောက်သုံးမိတဲ့ဝတ်ရည်တွေ။အစ်ကို့နှုတ်ခမ်းတွေသာ နှင်းဆီတစ်ပွင့်ဆို သူဟာ ဒီတစ်ပွင့်တည်းဆီ ရစ်ဝဲမယ့်ပျားဘုရင်တစ်ကောင်ပဲ။ပန်းမကြွေမချင်း ပျားမသေမချင်းပေါ့။

သံလိုက်တစ်ခုလိုခွာမရတော့တဲ့အနမ်းတွေကြောင့် အစ်ကိုကအသက်ရှူမဝဟန် တွန်းကန်လာတယ်။လွှတ်ပေးမိတဲ့အခိုက် သူ့ပတ်ဝန်းကျင် လေထုဖိအားနည်းသွားတာ အစ်ကိုအလုအယက်ရှူလိုက်လို့များလား။နှင်းဆီပန်းလေးအရောင်တောက်နေတာ မိုးရေမဟုတ်တဲ့သူ့တံတွေးတွေကြောင့်။

ထို့နောက် ကြယ်သီးတွေဆီလက်လှမ်းမိတော့ အလန့်တကြားဟန့်တားလာလေသည်။

"ဘာလုပ်မလို့တုန်း "

"ချွတ်မလို့လေ"

"ဘာလို့ချွတ်မှာတုန်း"

"လုပ်ကြမယ်လေ"

"ဘာလုပ်မှာတုန်း"

"လင်မယား"

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now