အပိုင်း 5(U+Z)

Start from the beginning
                                    

ပြောရင်း မျက်နှာညိုးသွားသူကို မဟူရာ တွေတွေလေး ငေးကြည့်နေလျက်

"ရတယ်လေ မနက်ဖြန် အဆင်ပြေမယ့်နေရာတွေကို ငါ လိုက်ပို့ပေးလိုက်မယ်"

"ဟင် အသျှင် လိုက်ပို့ပေးမှာလား"

"အေ့လေ ဘာလဲ မသွားချင်ဘူးလား
မသွားချင်လည်းနေလေ ငါသက်သာတယ်"

" သွားမယ် သွားမယ် "
ဘယ်သူနဲ့ဖြစ်ဖြစ် အပြင်လျှောက်လည်ရမှာပဲကို
အသျှင်က ဘယ်ဆိုးလို့လဲ ဒီလိုကျတော့လည်း သဘောကောင်းသားပဲ ဟီး...ဟီး....

***

ရှိုင်း ဒီနေ့တစ်နေ့လုံး အလုပ်ထဲမှာလည်း စိတ်မဝင်စား.....
အကြောင်းမှာ မနက်ဖြန် အပြင်လိုက်ပို့ပေးမယ်ဆိုပြီး ကတိပေးကာ အရိပ်အယောင်တောင် ပေါ်မလာတဲ့ မဟူရာသျှင်ကြောင့်ပင်

"လိုက်မပို့ချင်လည်း ဘာလို့ အစကတည်းက
ကတိပေးထားသေးလဲ
လူကို သက်သက် မျှော်လင့်ချက်ပေးပြီး ရိုက်ချိုးသွားတာ
လာပစေအုန်း ရှိူင်းနဲ့ တွေ့မယ်"

"ဘာတွေ တွတ်ထိုးနေတာလဲ"

"အမလေး ဗုဒ္ဓ ကယ်ပါ"
ရုတ်တရက် ပေါ်လာတဲ့ မဟူရာသျှင် ကြောင့် ရှိုင်း တစ်ယောက် လန့်လန့်ဖြတ်ဖြတ် ဖြစ်ရသည်

"ဘာလာ လုပ်တာလဲ"

"မင့်ပဲ အပြင်ထွက်လည်မယ်ဆို"

"ဟဲ ဟဲ"
ရှိုင်း ဟန်လုပ် ရယ်ပြကာ
"ရူးနေလား ညနေတောင် အတော်စောင်းနေပြီ ဘယ်ထွက်လည်ရမှာလဲ"

"သွား ရေချိုးအဝတ်စားလဲပြီး မြန်မြန်ထွက်လာခဲ့ ငါဟိုခုံမှာ စောင့်နေမယ်"

"ဒီအချိန်ကြီး ဘယ်သွားမှာလဲ
တော်ပြီ မသွားတော့ဘူး နားတော့မယ်
အသျှင်လည်း ပြန်တော့"

"ရှိုင်းသခင်"

သူခေါ်တာကို အကြည့်စူးစူးနဲ့ တုံ့ပြန်လာသူ
ဒါက သူ့ကို စိတ်ဆိုးနေတယ်ဆိုတဲ့ သဘောလား
ဟက်!မလွယ်ပါလား ရှိုင်းရယ်
မင့်က ဘယ်တော့မှ အနုနည်းနဲ့ပြောလို့ မရတဲ့သူပဲ
ဒါဆိုလည်း မင့်ကြိုက်တဲ့ အကြမ်းနည်းသုံးရတာပေါ့

"15မိနစ်အတွင်း ပြီးအောင်လုပ်ခဲ့"

"ခင်ဗျား"
ရှိုင်း ဆက်မပြောတော့ဘဲ ခြေဆောင့်ပြီးတာ သူပြောတဲ့ အချိန်အတွင်းပြီးအောင်ပြင်ဖို့ ထွက်လာခဲ့သည်

ခေတ်သစ် ဒဿ (စဆုံး)Where stories live. Discover now