သူမ၏ ဓမ္မတာကာလအတွင်း ရှောက်ယန်က တရုတ်ဆီးသီးလက်ဖက်ရည် ကျိုပေးကာ ဆန်ပြုတ်ပူပူလေး ချက်ပေးလိမ့်မည် ဖြစ်သည်။

လူဆိုးလေးများက သူမ၏ လမ်းကိုပိတ်ကာ သူမအား စိတ်အနှောက်အယှက် ပေးသည့်အခါ ရှောက်ယန်၏ ကန်ချက်ဖြင့် လွင့်ထွက်သွားမည် ဖြစ်၏။

လင်ချူးဆွေ့က အလွန် ထိရှသွားခဲ့သည်။ သူမ၏ အဖေမှလွဲ၍ မည်သူကမှ သူမကို ဤမျှ ကောင်းမွန်စွာ မဆက်ဆံခဲ့ဖူးပေ။

.......

ပူအိုက်သည့် နေ့လယ်ခင်းတစ်ခုတွင် ရှောက်ယန်က လင်ချူးဆွေ့နှင့်အတူ အိမ်စာလုပ်ရန် လှေကားထစ်များ၌ ထိုင်နေစဥ် သူ၏ အကြည့်များက စကားလုံးများဖြင့် မဖော်ပြနိုင်လောက်အောင် နူးညံ့နေခဲ့သည်။

လေပြေညင်းလေးက ပေါ့ပေါ့ပါးပါး ဖြတ်တိုက်သွား၏။ လူငယ်လေးက သူမကို နမ်းရှိုက်ရန် ကိုယ်ကိုယိမ်း၍ ခေါင်းငုံ့လာခဲ့သည်။

ရုတ်တရက် ရေခဲတမျှ အေးစက်သည့် အမျိုးသားတစ်ယောက်၏ အသံက သူ့စိတ်ထဲမှ ထွက်ပေါ်လာသည်။

"​ရှောင်ရှောက် မင်း ငါ့သမီးကို ဘာလုပ်ဖို့ ကြံနေတာလဲ။"

ရှောက်ယန် : ......

***

ရှောက်ယန်က ရွှံ့နွံထဲတွင် တွားသွားထွက်လာခဲ့သူ ​ဖြစ်သည်။ သူ၏ အေးစက်ကာ သီးခြားဆန်သည့် အသွင်အပြင်အောက်၌ ဆိုးယုတ်ကာ လက်တုန့်ပြန်တတ်သည့် ရက်စက်သော သဘာဝရှိသည်။

အနိမ့်ကျဆုံး ဖုန်မှုန့်များထဲမှ ထိပ်ဆုံးသို့ တက်လှမ်းနိုင်ရန် သူ၏ လမ်းတလျှောက်၌ ဆူးများဖြင့် ပြည့်နှက်နေခဲ့သည်။ သူ၏ ရည်မှန်းချက် ပြည့်ဝဖို့ရာ မည်မျှပင် ပေးဆပ်ရပါစေ သူက နောက်တွန့်လိမ့်မည် မဟုတ်ပေ။

သို့သော် ထူးခြားလှသည့် ဆုံတွေ့မှုတစ်ခုကြောင့် သူ့ဘဝ၏ အမှောင်ထုနှင့် စိတ်ပျက်စရာများက အဆုံးသတ်သွားခဲ့သည်။

ထိုအချိန်မှစ၍ ကောင်းကင်က ကြည်လင်သန့်ရှင်းလာပြီး သူ၏ သေဆုံးနေသော ဘဝက အသစ်တစ်ဖန် စတင်လာခဲ့သည်။

ဆိုးယုတ်ရက်စက်သည့် ပါရမီရှင်​ကောင်လေးက ဆိုးသွမ်းသည့် ခပ်ညံ့ညံ့ကောင်မလေးနှင့် တွေ့ဆုံခဲ့သည်။

ငါ့အဖေက အေးစက်တဲ့ သင်ယူခြင်း နတ်ဘုရားရဲ့ ခန္ဓာကိုယ်ထဲမှာ ပြန်လည်မွေးဖွားလာခဲ့တယ်Where stories live. Discover now