အခန်း(၃) ဘေးခြံထဲမှာလူတစ်ယောက်ကြိုးဆွဲချသေမလို့တဲ့

Start from the beginning
                                    

အစောကြီးတကည်းက ဒီလူ့ရင်ခွင်ထဲ ရောက်သွားမယ်မှန်းသိရင် ချော်လဲပြီးသေလိုက်တာမှ ဟုတ်ဦးမယ်

"မင်းသူ့ကို ဘယ်လိုခေါ်လိုက်တယ်?"

ရှန်ချန်းဖုန်းမှာ သူ့အခေါ်အဝေါ်ကြောင့် ထိတ်လန့်သွားမှန်းသိသာလှသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်နဲ့ လက်ထပ်မဲ့သူပဲလေ... ကြိုခေါ်ထားလို့လည်း ပြဿနာမရှိပါဘူး"

ချင်ရှောက်ယွီက သူ့ကို ပွေ့ချီလျက် မတ်တပ်ရပ်လိုက်ပြီး -

"ကျွန်တော် သူ့ကို အခန်းထဲပြန်ခေါ်သွားလိုက်မယ်"

"ဘယ်လိုလုပ်ပြီး ချော်လဲရုံလေးနဲ့တင် မူးလဲသွားရပြန်လာလဲကွာ?"

ရှန်ချန်းဖုန်းက သူ့သွေးကြောများကို စမ်းကြည့်လိုက်ပြီး -

"အသက်ရှုနှုန်းတွေက သိပ်မတည်ငြိမ်ဘူးပဲ"

ရှန်ချန်းလင်က ဆက်လက်ပြီး မျက်လုံးများကို တင်းတင်းစေ့မှိတ်ထားလျက် စိတ်ထဲတွင် အော်ဟစ်နေလေသည်။

ခင်ဗျားလည်း ယောကျ်ားတစ်ယောက်စီကနေ သတို့သမီးပွေ့ချီသလို ပွေ့ချီခံထားရကြည့်ပါလား... အသက်ရှုနှုန်းတည်ငြိမ်နိုင်ဦးမလား သိရအောင်လေ! !

ဒါ့အပြင့် ငါ့ဗိုက်ထဲမှာက သူ့....

အားအားအား! !

တကယ်သေလိုက်တာပိုကောင်းမယ်ထင်တယ်! !

ရှန်ချန်းလင်ကို ပွေ့ချီကာ အခန်းပြန်ပို့ပေးပြီးနောက် ချင်ရှောက်ယွီက သူ့ကို ခုတင်ပေါ်ချပေးလိုက်သည်။ ပေါင်တို့အား ရေနွေးကြမ်း ပြင်ခိုင်းပြီးနှင်ထုတ်လိုက်သည်။

ရှန်ချန်းလင်ကတော့ ဆက်လက်ပြီး သေချင်ယောင်ဆောင်နေလိုက်၏။

"အင်း.. သတိလစ်နေတာဆို‌တော့လည်း အခွင့်ကြုံတုန်း အသားယူလိုက်မှထင်တယ်?"

ချင်ရှောက်ယွီက ကိုယ့်ဘာသာရေရွတ်လိုက်သည်။

"အဲ့လောက်ထိ အောက်တန်းမကျပါနဲ့! !"

ရှန်ချန်းလင်က ဒေါသတကြီးဖြင့် မျက်စိပွင့်လာပြီးပြောလိုက်သည်။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now