အပိုင်း ၁၉

Start from the beginning
                                    

တိတ်ဆိတ်သွားခြင်းမှာ လေပြည်တွေသာ ရွေ့လျားကုန်တယ်။သက်ပြင်းတစ်ချို့လေနဲ့ပါသွားချိန် ရင်ထဲမှာလေမလုံလောက်တော့ဘူးထင်။အသက်ရှူရတာတောင် ခက်ခက်ခဲခဲရယ်။စဥ်းစားခဲ့သလောက် ပြောလို့မထွက်နိုင်အောင် သူငယ်ချင်းမလေးအပေါ် အားနာရပါသည်။

"ဆယ်တန်းစာမေးပွဲကို နင်သတိရသေးလားအသွန် ငါတို့ငြင်းခဲ့တဲ့အဖြေလွှာတွေအကြောင်း"

အပြုံးရေးရေးလေးနဲ့ ခေါင်းညိတ်မိတယ်။

"ငါမှတ်မိပါတယ်"

"အဲ့တုန်းကငါတို့ငြင်းခဲ့ဖူးတယ် ဒီလိုဖြစ်သင့်တာဒီလိုဖြစ်ရမှာဆိုပြီး ဒါပေမယ့် ကိုယ်ဖြစ်ချင်သလိုငါတို့မဖြေခဲ့ဘူး ဘာလို့လဲဆိုတော့
ငါတို့လိုချင်တာစာမေးပွဲရလဒ် ရလဒ်ကောင်းမှငါတို့ပျော်ရမှာ ငါတို့လိုချင်တာ ပျော်ရွှင်မှုလေ ကိုယ်ဖြစ်ချင်တာကိုဖြေဖို့ မလိုခဲ့ဘူး"

"ဟုတ်တယ် အဓိကက အဖြေမှန်ဖို့ပဲလေ သူတို့ပေးတဲ့အဖြေသာအမှန် ငါတို့ဖြစ်ချင်တာက အရေးမကြီးဘူး"

"အခုဟာကဘဝစာမေးပွဲ လူ့ဘဝတိုတိုလေးမှာ ငါတို့ဘာကြောင့်အသက်ရှင်နေတာလဲ သူများစိတ်ကျေနပ်ဖို့လား ကိုယ်ပျော်နေဖို့လား သူများစိတ်ကျေနပ်ဖို့ ကိုယ့်တစ်ဘဝလုံးရဲ့အပျော်တွေကိုသော့ခတ်သိမ်းထားမယ်ဆိုတာ မိုက်ရူးရဲမဆန်လွန်းဘူးလား ဒါဆို လူ့ဘဝကဘာအဓိပ္ပါယ်ရှိတော့မှာလဲ
ပြီးတော့ ဆယ်တန်းစာမေးပွဲလို ပြန်လည်ဖြေဆိုခွင့်ပေးမထားဘူး ဒါကြောင့်ကိုယ်လိုချင်တာကိုသိရမယ် ဖြစ်သင့်တာနဲ့ဖြစ်ချင်တာ ဘယ်ဟာက ကိုယ့်ကိုပျော်စေနိုင်သလဲ"

ကိုယ့်ဘက်ကိုဦးစားပေးလို့တွေးပေးလာတဲ့အခါ အားနာခြင်းကနှစ်ဆ။

"နွယ်"

"ငါပြောပြမယ်အသွန် တကယ်လို့ နင်ငါနဲ့လက်ထပ်လိုက်ပါပြီတဲ့ ဘယ်သူတွေပျော်ရမှာလဲ ငါကလည်းသိသိကြီးနဲ့ပျော်မနေနိုင်သလို နင်တို့နှစ်ယောက်ကရော အဖြေကရှင်းနေတာပဲအသွန် ပါဝင်ပက်သတ်သူ သုံးယောက်လုံး စိတ်မချမ်းသာစရာကိစ္စတစ်ခုကို ဘယ်သူကများရွေးချယ်မှာလဲ ငါမမိုက်မဲဘူး အသွန်"

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now