အခန်း၁။ မင်းရဲ့တံခါးဘဲလ်ကအသိစိတ်ရှိနေတယ်

37 8 0
                                    

Unicode
အခန်း၁ (မင်းရဲ့တံခါးဘဲလ်ကအသိစိတ်ရှိနေတယ် )

လွန်ခဲ့သည့် တစ်လက မီလိသည် ကွင်းဆက်ထိခိုက်မှုတစ်ခုတွင် ပါဝင်ခဲ့သည်။ ဓာတုပစ္စည်းများတင်ဆောင်ထားသည့် ထရပ်ကားတစ်စီး ရုတ်တရက်ပေါက်ကွဲခဲ့ပြီး ယာဉ်ဒါဇင်ပေါင်းများစွာ ထိခိုက်ခဲ့ရာ လူသုံးဦး သေဆုံး၍ ဒါဇင်နှင့်ချီသော လူများစွာ ဒဏ်ရာရရှိခဲ့သည်။

မီလိသည် ပေါက်ကွဲမှုနဲ့ အလှမ်းဝေးနေ၍ ကံကောင်းသည်ဟု ယူဆနိုင်ပေသည်။ ပေါက်ကွဲမှုသည် သူမ၏ ကားအား ဘေးတိုက်လွင့်ထွက်သွားစေခဲ့ပြီး နောက်ကားတစ်စီးနှင့် တိုက်မိစေခဲ့သောကြောင့် ခေါင်းထိပြီး သတိမေ့သွားစေသည်မှလွဲ၍ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်။ ဆေးရုံနှစ်ရက်လောက်တက်ပြီးနောက်တွင် ဆေးရုံဆင်းခွင့်ရခဲ့လေသည်။

အားလုံးပြီးဆုံးသွားပြီဟု တွေးခဲ့သဖြင့် မတော်တဆမှုဖြစ်ပွားခဲ့သည်အား သူမမိဘများကို အသိမပေးခဲ့ပေ။ သို့သော် ရက်အနည်းငယ်အကြာ တစ်စုံတစ်ခုမှားယွင်းနေကြောင်း ရုတ်တရက် သိလိုက်ရသည်။

ပထမဦးစွာ သူမသည် အိပ်စက်ခြင်းကို စွဲလမ်းခဲ့သည်။ နှစ်နာရီ သုံးနာရီကြာတိုင်း သူမ အိပ်ပျော်သွားတတ်ပြီး ပတ်ဝန်းကျင်က မည်မျှပင်ဆူညံနေပါစေ သူမ၏ အိပ်စက်နိုင်စွမ်းကို ထိခိုက်နိုင်ခြင်း မရှိချေ။ ကံကောင်းထောက်မစွာပင် သူမစုဆောင်းထားသော အိမ်ငှားရမ်းခများရှိနေ၍ နေ့စဉ်အိမ်မှုကိစ္စများကို အနည်းငယ်သာ ကိုင်တွယ်လုပ်ကိုင်ရန် လိုအပ်ပေသည်။ အားလပ်ချိန်အများအပြားရှိ၍ သူမအိပ်ရေးပျက်မှာကို စိတ်ပူစရာမလိုပေ။

မီလိ သူမကိုယ်တိုင် ဆေးရုံ၌ စစ်ဆေးဖို့သွားခဲ့သော်ငြား ဆရာဝန်က အားလုံးအဆင်ပြေကြောင်းသာ ပြော၏။ လေ့ကျင့်ခန်း များများလုပ်ရန် လိုအပ်ပြီး အလွန်အကျွံ မစားရန်မအိပ်ရန်လည်း ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။

မီလိ စိတ်ထိခိုက်သွားခဲ့၏။ သူမ၏ အသွင်အပြင်အား တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမသည် စားခြင်းနှင့် အိပ်ခြင်းကို အလွန်အကျွံမလုပ်ကြောင်း သိနိုင်ပေသည်။ ယာဉ်မတော်တဆမဖြစ်မီက သူမသည် နေ့စဉ်လေ့ကျင့်ခန်းလုပ်ခဲ့သော်လည်း ယခုအခါ၌တွင်မူ မတ်တပ်ရပ်ရင်းနှင့်ပင် အိပ်ပျော်သွားတတ်သည်။

ငါ့ဝိညာဥ် ခန္ဓာကိုယ်ကထွက်သွားပြန်ပြီ!Where stories live. Discover now