လုယွီချီနဲ့ လီယွဲ့ယွီတို့က သူတို့၏ သုတေသနလုပ်သော ကိစ္စတွင် တိုင်ဆိုင်စွာဖြင့် ကွက်တိကျ နေခဲ့သည်။ ထိုလမ်းကို ရုတ်တရက် ယင်တစ္ဆေလမ်းဟုပင် နာမည်ပေးလိုက်သည်။

ယင်က ဆိုးယုတ်သော စကားလုံးယင်စန်မှ မြစ်ဖျားခံလာပြီး နှစ်ခုလုံးက ညဘက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ တစ္ဆေသရဲများက ညဘက်တွင်သာ ပေါ်ထွက်လာခဲ့သည်ဟု လူအများက လက်ခံယုံကြည်ထားသောကြောင့် လျှို့ဝှက်ဆန်းကြယ်မှုများ ဖြစ်ပျက်လာသည့်အခါ သူတို့နှင့်သာ ပတ်သက်သည်ဟု ယူဆကြသည်။ ထို့အပြင် နာမည်တစ်ခုတည်းကပင် လူအများကို ကြောက်လန့်စေရန် လုံလောက်လေရာ အခြားအရာများကို တည့်ပြောရန် မလိုအပ်တော့ချေ။

နင်မုန့်ကလည်း ထိုစကားကို ကြားသောအခါ အလွန်ကြောက်လန့်သွားသည်။ သို့သော် သူမက နှစ်ယောက်လုံးနဲ့ ပတ်သက်နေသော မတော်တဆမှုများကိ တွေးမိပြီးနောက်တွင် တိတ်ဆိတ် သွားရပြန်သည်။

ရှီချီက မင်သေသေဖြင့် ဝင်ပြောလိုက်သည်။

"အဲဒီနေရာနားက နယ်မြေကို ချန်းမိသားစုက ဝယ်ထားပြီး နယ်မြေထည့်ဖို့ စီစဉ်နေကြတယ် အခုဒီလို ဖြစ်လာတော့ သူတို့က ကိုယ့်ကို အကူအညီ တောင်းလာတယ်"

သူက ပြောသည်မှာလည်း မှန်ကန်သည်။ တစ်စုံတစ်ယောက်က သူ့ကို အကူအညီ လာတောင်းခဲ့သည်။

ချန်းမိသားစုက တရုတ်ပြည်တွင် အကြီးဆုံး အိမ်ခြံမြေ ကုမ္မဏီကြီးဖြစ်ပြီး ရန်ကျင်းက နယ်မြေအများစုကို သူတို့က ဝယ်ယူထားခဲ့သည်။ ထိုနယ်မြေကိုလည်း သူတို့က သိပ်မကြာခင်ကမှ လေလံနိုင်သွားခဲ့ခြင်း ဖြစ်သည်။

သူတို့၏ အကြံအစဉ်အရ ဆိုလျှင် ထိုနယ်မြေက ပြည်ပတိုင်းပြည်များနှင့် ပူးပေါင်းပြီး ကြီးမားသည့် ကစားကွင်းတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်ထားခဲ့ကြသည်။ အနာဂတ်တွင်လည်း ထိုနေရာရှိ ဘေးပတ်ဝန်းကျင်ရှိ အလွန်ကျယ်သော မြေကွက်လပ်က ဈေးမြင့်လာနိုင်ခြေ ရှိလေရာ သူတို့အတွက် အလွန်အကျိုးအမြတ် ရပေလိမ့်မည်။

ထို့အပြင် ထိုနေရာနှင့် ကီလိုမီတာ အနည်းငယ်ဝေးသော နေရာကိုလည်း ထိုသို့ဖြင့် အကုန်ဖျက်ချပြီး ပြန်လည်တည်ဆောက်မည့် အနေအထားမျိုး ရှိနေသေးပြန်သည်။ ထို့ပြင်လည်း ဖျက်ချသည့် ကိစ္စကလည်း သိပ်မကြာခင် ပြီးမြောက်သွားတော့မည် ဖြစ်သည်။ ထို့အပြင် ဘူတာရုံများနှင့်လည်း ဆက်သွယ်လိုက်မည် ဖြစ်ပြီး အရှိန်နှုန်းမြင့် ရထားဘူတာကိုလည်း တည်ဆောက်မည် ဖြစ်လေရာ ထိုနေရာက အစည်ကားဆုံး နေရာတစ်ခု ဖြစ်လာပေလိမ့်မည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Tempat cerita menjadi hidup. Temukan sekarang