အပိုင်း ၁

Start from the beginning
                                    

နှုတ်ခမ်းလေးဆီ အကြည့်ရောက်ပေမယ့် မနမ်းရှိုက်ခဲ့။ မမရဲ့အမုန်းဟာ တကြိမ်နှင့် လုံလောက်ခဲ့သည်။ မမ နိုးသွားမှာစိုး၍ ခြေသံဖွဖွနင်းကာ အိပ်ခန်းထဲက ဆိုဖာပေါ်သာ အိပ်လိုက်သည်။

အတွေးပေါင်းများစွာက ဟိုးယခင် အတိတ်ကို ဆွဲခေါ်သည်။ အိပ်မပျော်တာကြောင့် စီးကရက်ဘူးကိုကိုင်ပြီး ခြံထဲကို ဆင်းခဲ့သည်။

လွန်ခဲ့သော နှစ်ဆယ့်တစ်နှစ်ခန့်က......🌻🌸

မေမေနှင့်ဖေဖေက အကြောင်းမတိုက်ဆိုင်၍ လမ်းခွဲလိုက်ကြပြီး လီဆာက ဖေဖေနဲ့အတူ Korea ကို လိုက်လာခဲ့သည်။ ထိုအချိန်တွင် သူ့အသက်က ခြောက်နှစ်ခန့်သာ ရှိပေဦးမည်။ ဖေဖေရော မေမေက ထိုင်းလူမျိုး ဖြစ်လင့်ကစား ဖေဖေ့စီးပွားရေးတို့က Korea မှာ အခြေတကျရှိသည်။

ဘာသာစကား ကွဲပြားမှုအပေါ် နေသားမကျတဲ့ သူ့အတွက် အိမ်ထဲကနေ အိမ်ပြင်ကို မထွက်ရဲ။ သူ့အား နှုတ်ဆက်ရင်တောင် ပြုံး၍သာ တုံ့ပြန်ရသည်။

'' Hi ''

ဒါက နှုတ်ဆက်တဲ့ စကားလေး တလုံးပဲ။ သို့သော် ငါ့ဘဝကြီးက အဲ့ကစလို့ ဇောက်ထိုးမိုးမျှော်။

''  မမနဲ့ အတူကစားနေတာလား ''

  ...။  ဟုတ်တယ် လီဆာ့ထက် လေးနှစ်ကြီးတဲ့ ဖေဖေ့မိတ်ဆွေရဲ့ သမီး။ ဘေးအိမ်က မမ။ မမက အင်္ဂလိပ်လို ကောင်းမွန်စွာ ပြောနိုင်ပြီး လီဆာ့အတွက် တဦးတည်းသော ကစားဖော်။

'' ဟုတ်တယ် ဖေဖေ ''

တကယ်တော့ ကစားနေတာ မဟုတ်ဘူး။ မမက စာသင်ပေးနေတာ။ ကိုရီးယား ဗျည်းစာလုံးတွေကို လက်လေး သေးသေးလေးနဲ့ ဝိုင်းနေအောင် ရေးပြ၊ အသံချိုချိုလေးနဲ့ နှလုံးသားထဲ စီးဝင်အောင် ရေးပြ ဖတ်ပြနေခဲ့တာ။

လီဆာက စကားနည်းတယ်။ အရယ်အပြုံးလည်း နည်းတယ်။ မမကတော့ သူနဲ့ဆန့်ကျင်ဘက်။ အများကြီး ပြုံးတတ်ပြီး စကားပြောလည်း ကောင်းသည်။ မမပြုံးတိုင်းမှာ မျက်လုံးလေးတွေ မှိတ်ကျသွားတတ်သည်။ ထိုအရာတွေကို သဘောကျခဲ့သည်။ မမမှာ လီဆာတို့လို မျက်ရစ်မရှိ။ ပြီးတော့ နောက်တခုက မမဟာ အသားညို၏။

𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱Where stories live. Discover now