Time skip>>>>>>>
တူ...တူ...တူ......
ဘုရင် ဖုန်းဝင်လာတာကြောင့် ဆိုင်ကယ်မောင်းနေရင်း ခဏရပ်လိုက်သည် ။
" အင်း...အိမ်ပြန်နေပြီ...လမ်းမှာ.."
" အင်း...လာခဲ့မယ်.."
အားသစ်က ဘုရင် ကို ကလပ်သွားဖို့ လှမ်းခေါ်ခြင်းပင် ။

...........................................................................

" ဟာ..လိုက်လို့မရပါဘူးဆို..အလင်း ကလည်း.."
ခခကို မွေးနေ့ကိုလိုက်ဖို့ခေါ်နေခြင်း ဖြစ်သည် ။
နေ့ပိုင်း ဆို ခခလိုက်လို့ရပါတယ်... ညဘက်ဆို
အိမ်ကလူတွေက လွှတ်မည် မဟုတ်ပေ...အခုက
ကိုကြီးတို့ပြန်ရောက်နေတော့ ပိုဆိုးပေါ့ ။
အရင်နှစ်တွေကလည်း မွေးနေ့ကို နေ့ခင်းပိုင်း လုပ်နေကြကို အခုနှစ်မှ စိတ်ရူးထဖောက်နေတယ်...အလင်းရွှေရည် ကတော့.... ဟင်း...
" လဝန်းခခ လေးကလည်းကွာ..."
" အိမ်ကိုလိုက်ပြောပေး... လွှတ်ရင်လိုက်မယ်..."
ခခ စကားကုန်ပြောခြင်း ဖြစ်သည် ။ခခလည်း လိုက်ချင်ပါတယ်..ဒါပေမဲ့ ခခကအိမ်မှမပိုင်တဲ့ဥစ္စာ..........
" နွေ....ဇွဲ... နင်တို့ကရောအိမ်ကလွှတ်တယ်မလား"
" ငါတို့က ရပါတယ်... "
" အလင်းမ..နင်Night out တအားထွက်ချင်နေပုံ
ပဲ...စပ်စလူးစိန်နေတာပဲ.."
" အေးဟာ..ဘာဖြစ်လဲ..နင်က မလိုက်မှာမလို့လား"
နွေဥသြ လည်း အလင်းကို လက်မြှောက်လိုက်ပါပြီ။Night out ထွက်ဖို့ကို တအား တက်ကြွနေတာ..ခခတို့ သူငယ်ချင်း လေးယောက် အတန်းချိန်တွေပြီးလို့ အိမ်ကလာကြိုမည့်သူကို ​ကျောင်းဝ ခုံတန်း​ပေါ်တွင် ထိုင်ရင်း ​စောင့်နေခြင်းဖြစ်သည် ။ ဒါပေမဲ့ ခခကို ကူစောင့်နေခြင်းပါ...
သူတို့က ကိုယ်ကားနှင့်ကိုယ်လာခြင်း ဖြစ်သည် ။
ခခက ကိုယ်အခြေအနေကိုယ် သိသူမို့ အိမ်ကလူ
များကိုလည်း အပြစ်မတင်မိပါ....

တီ....တီ...တီ..
အိမ်က လာကြိုနေပြီပင် ...ကံဆိုးချင်တော့လာကြိုသည့်သူက ကိုလတ်...ခခကို စည်းကမ်းအတင်းကြပ်ဆုံးသူ...ခခတော့လိုက်ရဖို့လမ်းမမြင်ရတော့​ပေ....
လာကြို့မည့်သူကို အတင်းအပူကပ်မည့် အလင်း
ကတော့ ရပ်ထားသည့်နေရာကနေ တစ်ဖဝါးမှ
ခွာ မလာတော့ပေ ။ နွေနှင့် ဇွဲ ကပိုဆိုး..ခေါင်းတွေများ ကိုယ်စီ ငုံ့လို့...ဆရာရှေ့ ရောက်တဲ့
ကျောင်းသားလေးတွေလား ကျနေတာပဲ....
ခခ ကိုယ့်အားကိုယ်ကိုးတာပဲကောင်းပါတယ်...
" ဟို...ကိုလတ်... "
ခခ ဘယ်လိုဆက်ပြောရမလဲ... မသိတော့ပေ....
လရောင်လင်း တစ်ယောက် ညီဖြစ်သူကိုမျက်မှောင်ကုတ်ကြည့်မိသည် ။ ခခတော့ ဘာတွေ ပေါက်ကရလုပ်ချင်နေသည် မသိ...စကားတောင်သေချာဆက်မပြောနိုင်... ဟိုသုံးယောက်လည်းတူတူပင်....ကိုယ့်မျက်စိရှေ့တွင် ကြီးလာတဲ့ကလေး တွေအကြောင်းကို လရောင် သိတာပေါ့....
" ကိုလတ်...အလင်းမွေးနေ့မလို့ သူငယ်ချင်းတွေကိုညကျ အပြင်မှာ မုန့်လိုက်ကျွေးမလို့ပါ..အဲဒါခခကိုခေါ်ဖို့ ခွင့်တောင်းမလို့ပါ..."
Rap ရွတ်သလို အလင်းလည်း စိတ်ထဲစီထားသမျှပြောလိုက် သည် ။ မလိုက်ခိုင်းလည်း အန်တီနုကိုအတင်း အပူကပ်လိုက်မယ် ဟွန်း...

Only One Limited Edition (Completed )Où les histoires vivent. Découvrez maintenant