Chapter 1

1.4K 28 0
                                    

Unicode

မြူနှင်းများဝေနေ၏ ။ ဖြူလွလွ မြူနှင်းစက်များဟာမြောက်လေ အဝေ့မှာ ဖွင့်ထားသော ကားမှန်မှတစ်ဆင့် လွင့်စင်ကုန်၏ ။ အဖြူရောင် ကားလေးတစ်စီးသည် လတ်ဆတ်သန့်ရှင်းလှသောအရုဏ်ဦးလေပြေကြားမှ တိတ်ဆိတ်ငြိမ်သက်လျက်ပင်ရှိနေသေးသော မြို့တွင်းလမ်းမများ မှ မြို့၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ဖြတ်သန်းမောင်းနှင်လာခဲ့သည် ။
လေဆိပ်ဂိတ်ဝသို့ ရောက်တော့ ဖုန်းကနာရီ ကိုတစ်ချက်ကြည့်လိုက်သည် ။ မနက် 8နာရီ ။ ညက နိုင်ငံတကာ လူငယ်များ E-sports ပြိုင်ပွဲ Final ရှိတာကြောင့် မနက် 3နာရီလောက်မှ အိပ်တာမလို့ ခေါင်းထဲ မူးဝေဝေ နှင့်ပင် ။ သို့ပေမဲ့ တန်ပါတယ် ။ ကိုကို တို့အဖွဲ့ ညက အနိုင်ရရှိခဲ့ သည် ။ ခခတို့ ဒီဖက်နိုင်ငံမှာ အချိန်က ညဖြစ်ပေမဲ့ ကိုကိုတို့ ပြိုင်ပွဲရှိရာနိုင်ငံကတော့မနက်ပင် ။ ပြည်တွင်းများ လည်းအကြိုပြိုင်ပွဲ များလုပ်ခဲ့ရတာမလို့ ကိုကို၏ ကျောင်းပျက်ရက် က 1ပတ်ကျော်နေလေပြီ ။
ပြိုင်ပွဲ video screen တွေမှာ မြင်ရပေမဲ့ ကျောင်းမှာ ခိုးငေးနေကြ ခခ အဖို့တော့အလွမ်းပေါ် အလွမ်းဆင့်နေရလေပြီ ။
ကိုကို.........
ကာယကံရှင် ကိုကိုကိုယ်တိုင်တာင်မှမသိလေဘဲ တိတ်တခိုးသတ်မှတ်ထားသော နာမ်စားလေး ။
ငယ်စဉ်ကတော့ ခင်မင်လေးစားရသော အစ်ကို
ဖြစ်ခဲ့ပေမဲ့ အရောင်ပြောင်းလဲလာသော အချစ်တွေ ဟာ ခခ ရင်ထဲမှာ နေရာ အပြည့်ယူခဲ့ပြီး ကိုကိုဟာခခ အချစ်ဦးဖြစ်လာခဲ့ပေသည် ။ ကိုကို ဟာ ကိန်းကြီးခမ်းနားလှသော အိမ်တော် ရဲ့ နောက်ဆုံးမျိုးဆက် သခင်လေး ပီပီ အရာရာတိုင်းတွင် လွန်စွာထူးချွန်လှပေးသည် ။ Computer Engineeringand Information Technology Private Universityမှာ တက်ရောက်နေသူ ကိုကို နှင့် တက္ကသိုလ်မြေမှာ ခြေချ ချင်သူ ခခအတွက် အထက်တန်းနောက်ဆုံးနှစ်မှာ စာတွေကို နှာခေါင်းသွေး လျှံမတတ် ပင် ကျက်ခဲ့ရသည် ။ အောင်မြင်မှုရလဒ် အဖြစ် ကိုကို ကို ခိုးငေးနိုင်ခွင့်ဆုတံဆိပ်ကိုရရှိခဲ့ပေသည် ။

" သားသား....သားသား "
ဒေါ်နုသစ်ဟာ အတွေးလွန်နေပုံရသော သားငယ်
လေးကို ခေါ်နေခြင်းပင် ။ချမ်း​အေးလှသော ဆောင်းရာသီ နံနက်ခင်း​ကြောင့် အဖြူရောင် သိုးမွှေးအင်္ကျီ၊ အဖြူရောင် မွှေးပွ ဘောင်းဘီ၊ အဖြူရောင် သိုးမွှေးခေါင်းစွပ် ကလေး နှင့်အဖြူရောင် အလုံးထုပ်ကလေးလို ဖြစ်နေ​သော​ တွေ​တွေ​ငေး​ငေး သားပုံစံ​လေးက အသည်းယားစရာလေးပင် ။ သူတို့ရှေ့မှဖြတ်သွားသူတိုင်းငေးရအောင်ကို ချစ်စရာ​ကောင်းနေပေသည် ။ သူတို့သားအမိသည် လေဆိပ်ဂိတ်ဝတွင် ကားပါကင်ထိုးနေသော အမျိုးသားဖြစ်သူကိုစောင့်နေခြင်းပင် ။ ယနေ့တွင် နိုင်ငံရပ်ခြားမှ ပြန်လာမည်ဖြစ်သော သားကြီးနှင့် သားလတ်အားကြိုရန် လေဆိပ်သို့ လာရောက်ခြင်းပင် ။

Only One Limited Edition (Completed )Where stories live. Discover now