Part-5🚨🚨🚨

133 4 0
                                    


''ဦးရဲ့လှောင်အိမ်ထဲမနေချင်ပင်မဲ ဦးကိုချစ်နေတော့ နေရပါအုံးမယ်''

~~~

ဦးက ကျွန်တော် ခေါင်းက ဆံပင်တွေကို ဆုတ်ကိုင်ကာ အထဲသို့ခေါ်ဆောင်ခဲသည်။ဆံပင်အုံတစ်ခုလုံးကျွတ်ထွင်မတက်ကိူပင်နာကျင်ရသည်။

''အ့ လွှတ် နာတယ် ဦးခွန်း လွှတ်ပေးပါ''

''အ့''

ဧည့်ခန်းက ဆိုဖာပေါ်ကိုအပြင်းအထန်ပြစ်လှဲခံရကာ ဦးခွန်း က ပြောသည်။

''မင်းငါနဲလက်ထက်ရမယ်''

နေပူနေပင်မဲ့ မိုးချိန်းသံကို နားထဲကကြားရသလိုတောင်ဖြစ်သွားရသည်။ဘာလို့များဦးကအဲ့လောက်ထိ ကျွန်တော် ဘဝကို စိုးမိုးချင်ရတာလဲ...။

''ဟင့်အင်း ငါလက်မခံဘူး''

ဖြန်း

ဦးရဲ့ရိုက်ချက်ကြောင့် ခေါင်းပါပြုတ်ထွက်မတက်
တစ်ခါမှဒီလိူမဆက်ဆံဘူးတော့ငိုမိသည်။မျက်ရည်ကျမိသည်။နာကျဥ်းမိသည်။ပထမဆုံးစတွေ့တဲ့နေ့က ဦးကိုစသဘောကျခဲ့တယ်။ဦးက သူ်အချစ်ဦးကိုမေ့အောက်ကူညီနိုင်မယ်လို့ ယုံကြည်ထားသည်။တကယ်လည်းမေ့ပစ်နိုင်ခဲ့ပါတယ်။ဒါပင်မဲ့နောင်တရသည်။

''အဟင့် ဦး ဘာ..ဘာလို့''

''ဒီအိမ်မှာမင်းကိုယ်မင်း ငါ လို့သုံးခွင့်မရှိဘူး ငါကမင်းထက်ကြီးတယ် အသက်ရော..ဟိုဟာရော မင်းကလန်ကဆန်လာမလုပ်နဲ့ ငါစိတ်တိုရင်လူတောင်သတ်နိုင်တယ် နားလည်လား ''

ကြောက်တယ်...ဦး ကရက်စက်လွန်းတယ်။ဒါပင်မဲ့ဦး ချိန်းချောက်ထားတဲ့ ကိစ္စကိုတွေးပြီး ပြန်မအော်မိချင်ပါ။ ကျွန်တော် လုပ်ရပ်ကြောင့် ကျွန်တော် ချစ်ရတဲ့သူတွေဆုံးရုံးမှာမလိုလားပင်။

''ကောင်းပါပြီ...ကျွန်တော် မှတ်ထားပါ့မယ်''

ပါးပြင်ပေါ်ကျလာတဲ့မျက်ရည်များအားလွတ်လပ်ခွင့်ပေးထားသည်။မင်းတို့အဆင်ပြေတဲ့အထိ လွတ်လပ်နိုင်တယ်။ငါ့စိတ်ကိုတော့ပေါ့ပါးအောင်လုပ်ပေးပါကွာ။

ပါးပြင်အပေါ် လက်တစ်ဖက်ကထပ်ရောက်လာခဲ့သည်။နောက်တစ်ခါ ထပ်ရိုက်ဦးမယ်ဟု အထင်နဲ့ မျက်စိကို တင်းနေအောင်မှိတ်ထားကာ။
အံသြမိသည်။ ကိုယ်ထင်သလိုမဟုတ်ခဲ့ ဦး က သူရိုက်ခဲ့တဲ့ပါးပြင်လေးကို သူ့လက်တွေနဲ့နူးနူးညံညံလေးကိုင်သည်။ကျွန်တော် ဒေါသထွက်ချင်ပင်မဲ့ ဦးရဲ့ မျက်နဌာက တကယ်ဆိုးရိမ်သည့်အနေဖြစ်နေတာကြောင့် ဘာမှတော့မပြောဖြစ်ခဲ့ပါ။

ချစ်သော်လည်းမုန်းချင်သည်Where stories live. Discover now