အပိုင်း ( ၁၈၀ )

Start from the beginning
                                    

“ကောင်းပြီ။”

ပေါ့လျော့မှုမရှိသော Noraသည် အန်ဒါဆင်မိသားစုသို့ ပြန်ရောက်သွားသည့်တိုင် ကြောက်ရွံ့ထိတ်လန့်မှုကို လုံးဝမခံစားရပေ။ သူမသည် သူမ၏လက်ပ်တော့ကိုထုတ်ကာ သူ့သမီးအတွက် Sponsor အဘိုးရဲ့ အထောက်အထားကို စတင်ရှာဖွေခဲ့သည်။

ဒါပေမယ့်!

တစ်စုံတစ်ယောက်သည် သူ့ရဲ့ Messenger အက်ပ်ကို ကုဒ်ဝှက်ထားသည်။  သူမသည် ၎င်းကို အမှန်ပင် ကုဒ်ဝှက်ထားတာကို ရှာဖွေတွေ့ရှိနိုင်သော်လည်း Firewall ကို အတင်းအဓမ္မ ဖောက်ထွင်းဝင်ရောက်လိုက်လျှင် ဟက်ကာQ လို့ ဖော်ထုတ်မိသား ဖြစ်သွားလိမ့်မည်။   သို့သော်၊ အကယ်၍ firewall ကို မချိုးဖျက်ဘဲ ကျော်ဖြတ်ရမည်ဆိုလျှင် အချိန်အနည်းငယ် ကြာမည်ဖြစ်သည်။

Nora သည် အစီအစဉ်ကို မလုပ်မီ ခဏလောက် တုံ့ဆိုင်းသွားသည်။  ထို့နောက်  သူမသည် Cherry သို့ မက်ဆေ့ခ်ျပို့ခဲ့သည်- 'သူက New Yorker တစ်ယောက်ဆိုတာ  သိလိုက်ရတယ်။  တခြားဘာမှ မတွေ့ရဘူး။'

Cherryက သူ့စာကို စောင့်နေရတဲ့အတိုင်း သူမကို ပြန်စာ မြန်မြန်ပြန်ပို့ခဲ့တယ် 'အမေ အစွမ်းကုန် မကြိုးစားရသေးဘူး မလား။  မေမေရဲ့ မယုံကြည်နိုင်လောက်တဲ့ ကျွမ်းကျင်မှုနဲ့သာဆိုရင် လိုချင်တာကို စူးစမ်းရှာဖွေဖို့ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး။'

ခွဲခွာနေရသည့်ရက်အနည်းငယ်ကြာသော်ငြားလည်း ကလေးမလေးသည် ယခင်ကထက် ပို၍ ချွဲ့နွဲ့ ပြောတတ်နေသေးသည်။

Nora သူ့သမီးအကြောင်း နောကျေနေတာကြောင့် သက်ပြင်းသာချလိုက်သည်။  "အမေ အခု အိပ်တော့မယ်။  မနက်ဖြန် ခွဲစိတ်ပြီးရင် သူ့ကို ရှာပေးထားမယ်။"

"Okie-Dokie!  အမေက အကောင်းဆုံးဆိုတာ သိပါတယ်။  Cherryက ချစ်တယ် မွ~"

Noraသည် သူမ၏ အရူးအမူး မြှောက်ပင့်ပြောဆိုမှုများကို စိတ်မ၀င်စားနိုင်ပေ။  အသံမက်ဆေ့ခ်ျတွေကို ရပ်လိုက်ပြီး အိပ်ယာဝင်လိုက်တော့တယ်။

ကလေးငယ်ရဲ့ခွဲစိတ်မှုကို နောက်နေ့တွင် စီစဉ်ထားတာကြောင့် ယနေ့တွင် ကောင်းမွန်စွာ အိပ်စက်ရမည်ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Mar 17 ⏰

Add this story to your Library to get notified about new parts!

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now