ယခင်ကလည်း သူမ၏ မင်္ဂလာဆောင်က မည်သို့ ဖြစ်မည်နည်းဟု တွေးကြည့်ခဲ့ဖူးသည်။ သူမ၏ ခင်ပွန်းက မည်သည့်အရာများ ကြိုက်နှစ်သက်မည် သူမ ဝတ်မည့် မင်္ဂလာဝတ်စုံက မည်သို့သော ပုံစံမျိုး ဖြစ်မည်နည်းဟု စိတ်ကူးယဉ်ခဲ့ဖူးသည်။ အဆုံးတွင်မူ သူမက တုံ့ဆိုင်းနေမိသည်။

ထိုအချိန်တွင် ကောင်မလေးက သူမကို တားမလာချေ။ သူမ၏ မျက်နှာတွင် အမြဲတမ်း အပြုံးက ရှိနေသည်။ သို့သော် အချို့သော ခံစားချက်များကမူ သူမကို သစ္စာဖောက်နေသည်။

နင်မုန့်က အရှေ့ကို ပြန်လှည့်လိုက်သည်။

ဆိုင်ရှေ့တွင် ရှီချီက သူမကို ကျောပေးလျက် ရပ်နေပြီး သူ၏ပုံရိပ်က အထီးကျန်ဆန်ကာ မာနကြီးသည်နှင့် တူသည်။ သူက ချဉ်းကပ်ရန် ခက်ခဲသော ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။

အသံကို ကြားသောအခါ သူက ခေါင်းလှည့်ကြည့်လိုက်သည်။

နင်မုန့်က ဝင်သွားသော ဝတ်စုံအတိုင်း ပြန်ထွက်လာကြောင်း မြင်သောအခါ သူ၏ မျက်နှာက မပျော်မရွှင် ဖြစ်သွားသည်။ သူ၏မျက်နှာတွင်ပင် အနည်းငယ် အထိတ်အလန့် ဖြစ်သော အမူအရာက ထွက်ပေါ်လာသည်။

နင်မုန့်က လက်ကို ကျောနောက်တွင် ထားကာ လိမ်နေလျက် သူနှင့် မျက်လုံးချင်း အကြည့်မဆုံရဲဘဲ ပြောလိုက်သည်။

"နင်ပြောတော့ ငါ့ကို စဉ်းစားဖို့ အချိန်ပေးမယ်ဆို"

ဒီစကားလေး ပြောလိုက်တာကို ဘာလို့ ရုတ်တရက် နောင်တရလာတာလဲ။

အချိန်အတန်ကြာပြီးနောက် ရှီချီက ပြောလိုက်သည်။

"ကိုယ် မစောင့်နိုင်ဘူး"

သူက သူမ၏ စပျစ်သီးလို သဏ္ဍာန်ရှိတဲ့ အနက်ရောင် မျက်ဝန်းကို စိုက်ကြည့်လာပြီး ပြောလိုက်သည်။

"လက်ထပ်ပြီးရင်လည်း အချိန်ရဦးမှာပဲ ဖြည်းဖြည်းချင်း စဉ်းစားလို့ ရပါတယ်"

ကွာရှင်းဖို့အတွက်လား တွေးတောင်မတွေးနဲ့။

နင်မုန့် "..."

ရုတ်တရက် လက်မထပ်ရသေးသော မိန်းကလေးတစ်ယောက် ပြန်ဖြစ်သွားလို...

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now