Chapter (11) you break my heart

241 20 7
                                    

Gu Hai ပြန်တွေးကြည့်လေ Bai Luo Yin ကို ပိုနားမလည်ပေးနိုင်ပေ။ သူတို့နိုင်ငံ ဥပဒေအရဆို ဒါပြစ်မူကြီးပဲ ။ ခက်တာက Bai Luo Yin ကိုယ်ဝန်ရတယ် ဆိုတာ ဘယ်သူမှ ယုံမှာ မဟုတ်သလို ဒါရှိခြင်း မရှိခြင်းကို ဘယ်သူမှ လည်း အရေးလုပ်မည်မထင် ။အတင်းအဖျင်းတစ်ခုသာဖြစ်လာနိုင်သည်။ ဒါပေမယ့် ဒီတခါတော့ သူ Bai Luo Yin ကို စိတ်နာရမည် ။

သူ့ လက်တွဲဖော်ဖြစ်သင့်ရဲ့လား သူပြန်သုံးသပ်ရမည်။ အချစ်ဆိုတာ စမ်းသပ်လို့ရမယ်ဆိုရင် Bai Luo Yin က သူ့ကို မချစ်တာ သေချာသည်။ ဒါကြောင့် သူရင့်သွေးကို ဖျောက်ပစ်တာ ။တွေးရင်း သူဝမ်းနည်းမိလာတယ် ။ မင်း တကယ့်နှလုံးသားမရှိဘူးနော်။ Gu Hai ကားကို Beijing  မြို့ရဲ့ အဝေးဆုံးနေရာထိ မောင်းနေမိတယ် ။ အခု ပတ်ဝန်းကျင်ဟာ ဘယ်နေရာကြည့်ကြည့် သူ့ကို ခြောက်လှန့်နေသလိုပဲ ။ ကားဘီးအောက်က တရှဲရှဲ မြည်နေတဲ့ ပွတ်တိုက်သံတွေကလည်း သူ့ကို ခြောက်ခြားစေတယ် ။

အချိန်က ညနေမှောင်ရီပျိုးနေပြီ  ။ သူက ဖုန်းခေါ်သံတွေကို လျစ်လျူရူထားတယ် ။ ဒီ ခေါ်သံတွေထဲမှာ Bai Luo Yin ပါနေမလားလို့ သူ သံသယဝင်မိသေးတယ် ။ ဒါမဖြစ်နိုင်ဘူးဆိုတာလည်း သူ့ နှလုံးသားသ သိနေပြီးသား။ တကယ်လိုများ နေအနောက်ထွက်သလိုမျိုး
Bai Luo Yin က ပြန်ချော့ရင်တောင်
သူ ဒီလူနဲ့ ဇာတ်ပေါင်းဖို့ ခုချိန်တော့ မဖြစ်နိုင်သေး။
တကယ်ပဲ ကိုယ်ချစ်ရှာတာ နာကျင်ရသည်။

ဒီလိုနဲ့ သူ ဟိုတယ်တစ်ခုမှာ  စိတ်ဖြေနေတာ တစ်ပတ်လောက်ကြာလာတယ် ။
Sun Gei  Wei က သူ့ကားနောက်က နေနောက်ယောင်ခံပါလာတာမို့
သူဘယ်ရောက်နေတယ်ဆိုတာ သူ့ အသိုင်းအဝိုင်းကို အသိပေးပြီးလောက်ပြီ
Gu Wei Ting က သူဆီလှမ်းဆက်ကာ

(သား ဘာဖြစ်တာလဲ အဖေ မသိပေမယ့် သားက အရင်ဆို ဆယ်ကျော်သက်လေးမဟုတ်တော့ဘူး ဆိုတာ သိထား ကိုယ်စိတ်ကို အေးချမ်းအောင်လုပ်ပြီး အလုပ်လာပြန်လုပ်တော့)

သူ့အမေကလည်း

(Da Hai ရေ အမေမွေးနေ့အမှီတော့ပြန်လာရမယ်နော် )

ဘယ်သူတွေ ဘယ်လို ဆက်သွယ်လာပါစေ ။Bai Luo Yin ကတော့ဖြင့် စာတစ်စောင်တောင်မှ သူဆီမပို့ပေ။ ဒါက သူ့ ပိုခံပြင်းမိတယ်။ "အေးလေ မင်း လို အမှားလုပ်ထားတဲ့သူကတောင် မာနိုင်သေးတာပဲ ငါဘာလို့ မမာနိုင်ရမှာလဲ "။ နောင်ရက်အနည်းငယ်ကြာတော့ သူ အိမ်ပြန်ဖြစ်သည် ။ တည်ငြိမ်နိုင်အောင် စိတ်ကိုအတတ်နိုင်ဆုံး ဆုံးမထားသည်။

You've reached the end of published parts.

⏰ Last updated: Apr 28 ⏰

Add this story to your Library to get notified about new parts!

Addicted (new imagination. book 3 )Where stories live. Discover now