" အဲ့တုန်းက မင်းရဲ့နှုတ်ခမ်းလေးတွေကို ကြည့်ပြီး ငါ မထိန်းချုပ်နိုင်ခဲ့ဘူး ခ်ခ်ခ်... မင်း ငါ့အပေါ်စိတ်ရှိနေတာကို ဘယ်တုန်းကမှ စပြီး သတိထားမိတာလဲ ဆောင်ဟွန်းနား "

" မင်း ထွက်သွားတဲ့ အချိန်တုန်းက။ မင်း အနားမှာမရှိတော့ ငါ မနေတတ်ခဲ့ဘူး။ အဲ့နေ့ရက်တွေက ငါ့အတွက်အရမ်းဆိုးရွားခဲ့တဲ့ နေ့ရက်တွေပဲ "

" အဲ့ဒါဆို ငါက မင်းကို အရင်သဘောကျခဲ့တာပဲ။ မင်းနဲ့ စတွေ့တဲ့နေ့တည်းက ငါ ရင်တွေခုန်ခဲ့တာ....မင်းနဲ့ ခင်ခွင့်ရခဲ့လို့လည်း ငါအရမ်းပျော်ခဲ့ရတာ "

တစ်ယောက်မျက်ဝန်းတွေကို တစ်ယောက်ကနီးကပ်စွာကြည့်လို့ မြိုသိပ်ခဲ့ရတဲ့ခံစားချက်တွေကို သူတို့နှစ်ယောက်ဟာ ဖွင့်ဟဝန်ခံလျက်ရှိနေကြသည်။

" ငါရဲ့ စိတ်ကို ငါမသိတဲ့ထိ တုံးခဲ့ပေမဲ့ အဲ့ကတည်းက မင်းကလည်း ငါ့အတွက် တခြားလူတွေနဲ့မတူတဲ့ ငါ တန်ဖိုးထားခဲ့ရတဲ့ တစ်ဦးတည်းသောသူဖြစ်ခဲ့တာ ဘေဘီရဲ့ "

" ငါ့အပေါ်အဲ့လိုပြုမူပေးခဲ့တာကို ငါအရမ်းသဘောကျခဲ့တာ။ မင်းအပေါ် ငါအမြဲအနိုင်ယူခဲ့တာကလည်း ငါ့ကိုအလိုလိုက်ပေးတဲ့မင်းကိုမြင်ချင်ခဲ့လို့....အဲ့လိုမျိုးမင်းကို မြင်ရမှ ငါ့အပေါ်ထားတဲ့ မင်းစိတ်ကို ငါခံစားလို့ရခဲ့လို့ ငါမင်းကို အမြဲအနိုင်ယူခဲ့တာ။ ငါ့ကြောင့် မင်းထိခိုက်ဒဏ်ရာရတာတွေကို ငါမကြိုက်ဘူး၊ ငါ့ကြောင့်နဲ့ မင်းက တခြားသူကို အောက်ကျို့ခံတာကိုလည်း ငါမုန်းခဲ့တယ်...မင်းက ငါ့အတွက် တန်ဖိုးဖြတ်မရအောင် ချစ်ရတဲ့သူမလို့လေ "

ခံစားချက်တွေပွင့်အာလာတဲ့ကောင်လေးရဲ့ မျက်ဝန်းတွေထဲမှာလည်း မျက်ရည်လေးတွေဟာ ဝဲလို့...... ဂျိတ်ခ်ရဲ့ မျက်နှာလေးကို ဆောင်ဟွန်းစီသို့ နီးကပ်သွားအောင်ဆွဲယူလိုက်ပြီး နှုတ်ခမ်းဖူးလေးကို စုပ်ယူကာဖိကပ်လိုက်သည်။ သိမ်းပိုက်ထားတဲ့ နှုတ်ခမ်းတွေကိုလည်း မလွတ်ထွက်စေပဲ ဂျိတ်ခ်ကို အိပ်ယာပေါ်သို့ ပြန်လည်ဖိကပ်လိုက်တယ်။ အခုဆို ဂျိတ်ခ်က ပက်လက်လေးရှိနေပြီး ဆောင်ဟွန်းကတော့ အပေါ်ကနေအုပ်မိုးလျက် အနမ်းတွေဖလှယ်နေကြသည်။ ကျေနပ်လောက်တဲ့အချိန်ကြမှ နမ်းနေတာကို ရပ်လိုက်ပြီး နောက်ဆုံးတစ်ကြိမ်အဖြစ် အသံထွက်တဲ့ထိ တစ်ချက်လောက်ထပ်နမ်းလိုက်ရင်း

Forever and Ever and AlwaysWhere stories live. Discover now