Part-4 (Uni+Zg)

181 11 0
                                    

Uni

ကိုယ့်ကိုရေခွက်လှမ်းပေးတုန်း Name cardကို ကြည့်လိုက်မိတော့ ရှိန်း... ရှိန်းဝဏ္ဏပိုင် ဒေါက်တာရဲ့နာမည်က ရှိန်းဝဏ္ဏပိုင်...
__   __   __   __   __  __   __  __  __  _
♫ ချီပိ ချီပိ ချာပ ချာပ ဒူဘီ ဒူဘီ ဒါပ ဒါပ မာကီဂိုမီ ဒူးဘီးဒူးဘီ ဘွန်း ဘွန်း ဘွန်း ဘွန်း ချီပိ ချီပိ ချာ...”

ရှိန်းလည်း Duty ချိန်ပြီးလို့အိမ်ပြန်ရန် နားနေခန်းထဲမှ ပစ္စည်းများကိုယူနေတုန်း ဖုန်းလာသောကြောင့်စိတ်ရှုပ်သွားသလိုဖြင့်...

“ဟာ ဘယ်နွားဆက်ပြန်ပြီလဲ အိမ်ပြန်ချင်ပါပြီဆိုကွာ!

ပြောရင်းဖုန်းကိုကြည့်လိုက်မိတော့...
တိန်! “မောင့်အပိုင်” ဆိုသော အမည်နာမလေးက Phone screen ပေါ်တွင်နေရာယူလျက်

“ဟိုက် သွားပြီ နွားမဟုတ်ဘူး ဖွတေး ဖွတေး”

ဟုတ်သည်လေ ရှိန်းမှာ Duty ချိန်မပြီးမချင်းဖုန်းမကိုင်ရသောကြောင့် ပိုင်ခွန်းအား ဖုန်းဆက်လို့လည်းမရ တွေ့ချင်တာတောင် Dutyပြီးချိန်ထိစောင့်နေရတာမို့ သူ့မှာပိုင်ခွန်းအားလွမ်းနေပြီ။လွမ်းနေပါတယ်ဆိုကာမှ နွား နဲ့မှားပြီး ကျိန်မိရတယ်လို့။

ရှိန်းလည်းဖုန်းကိုအမြန်ကိုင်လိုက်ချိန် ဟိုဘက်မှ တည်ကြည်သောအသံလေးထွက်လာသည်။

“မောင်! အိမ်ပြန်လာပြီလား”

“မောင်အခုပြန်ဖို့လုပ်နေတာ မောင့်အပိုင်... မောင့်ကိုလွမ်းနေပြီလား”

“အင်းပေါ့ မောင့်ကိုလွမ်းတာရော...အခြား...”

ရှိန်းဟာ ပိုင်ခွန်းစကားကြောင့် မျက်နှာကြီးက သူ့အလိုလိုပြုံးဖြီးမိသွားတာများ မျောက်လက်ထဲအုန်းသီးရလိုက်သလိုပင် ရှိန်းဟာ ပိုင်ခွန်းစကားမဆုံးသေးခင်

“မောင်ကလည်း မောင့်အပိုင်ကို အများကြီးလွမ်းနေတာ အိမ်ရောက်မှ မောင့်အပိုင်ကို မောင်ဘယ်လောက်ထိလွမ်းနေရကြောင်းတွေကိုထိုင်ပြီးပြောပစ်မယ် မောင်အခုချက်ချင်းပြန်လာပြီ မောင့်အပိုင် မောင်ဖုန်းချ...”

တစ်ဖက်က ပိုင်ခွန်းမှာလည်း မောင့်စကားကြောင့် ပြုံးမိတုန်းရှိသေး မောင်ဟာ သူ့အကျင့်အတိုင်း သူပြောချင်ရာပြောပြီးဖုန်းချရန်ပြင်နေပြီဖြစ်တာ‌ကြောင့်

မောင့်အပိုင် မောင့်လူ ( ခေတ္တရပ်နား)Where stories live. Discover now