အပိုင်း ၇

Start from the beginning
                                    

သူကြီးကသားဖြစ်သူအား အငေါ်တူးရင်း စားပွဲပေါ်မှ ပဲပြုတ်ပန်းကန်အားလည်း သားဖြစ်သူရှေ့ချပေးလေသည်။ဋီကာက ပဲပြုတ်ကြိုက်သည်ကိုး။ပန်းကန်အားယူကာတစ်ဇွန်းခပ်စားရင်း မြို့သားရှေ့ဘာရှိလဲဟူ၍လည်း မျက်လုံးထောင့်မှ ခိုးကြည့်မိသေးသည်။

"အံမယ် ဒီနေ့ ငမွှေထိုးကောင် ငြိမ်နေပါ့လား"

ကြီးတော်စိန်တင်၏ ထူးဆန်းဟန်အပြောကြောင့် လူကလိပ်ပြာမလုံချင်။ခါတိုင်းတစ်ခွန်းမကျန် ပြန်ပက်နေကျသူက အာရုံများပြီး သူကြီးစကားအား မတုံ့ပြန်နိုင်သေး။

"ကျုပ်က ဘာဖြစ်နေလို့တုန်း"

"ဘာဖြစ်ရမှာလဲ ခါတိုင်းသူကြီးကို ကတ်ကတ်လန်ပြန်ပြောနေကျလေ အာစရိရဲ့"

"မင်း တော်တန်တိတ် ​စောစောစီးစီး သူများအိမ်ကိုဘာကိစ္စနဲ့ ရောက်လာရတာတုန်း"

"အံမလေး ကုလားမနိုင် ရခိုင်မဲမနေနဲ့ ဘာမှမစောတော့ဘူး နေဖင်ထိုးနေပြီ ဒီနေ့မင်း ဘယ်မှသွားဖို့ စိတ်ကူးမနေနဲ့ အိမ်စောင့်ကျတယ်"

"ဦးကိုကိုချစ်တို့ကဘယ်သွားမလို့တုန်း"

"ငါကရွာဦးကျောင်းသွားမှာ မင်းအမေက ကလေးကို ရွာထဲအိမ်လည်ခေါ်သွားပြီး ရွာကလူတွေနဲ့ မိတ်ဆက်ပေးမလို့တဲ့ အဲ့တော့မင်းတစ်ရက်တစ်လေအိမ်နေဖူးတယ်ရှိရှိ နေကြည့်လိုက် ဟိုသုံးကောင်ရောအတူတူပဲ အိမ်ပြန်ရင်ပြန် ဒီမှာနေရင်နေသဘောပဲ ထန်းတောထဲရောက်လို့ကတော့ ထိပ်တုံး သုံးညပဲ"

သူကြီး စကားအဆုံးလက်ထဲမှ ပဲပြုတ် ပန်းကန်အား စားပွဲထက်တင်လိုက်ရင်း

"သူ့ကိုဒီ​နေ့ ရွာထဲခေါ်သွားမလို့လား နေရောကောင်းပြီမို့လို့လား မနက်ဖြန်လောက်မှ လိုက်ပို့လိုက်လေဗျာ"

"အယ် ဟုတ်သားပဲ သားနေရောကောင်းပြီ လား"

သူ့အပြောကြောင့် မျက်လွှာချကာငြိမ်နေတဲ့ မြို့သားက မော့ကြည့်လာသလို
အမေ့အမေးကိုလည်း အူကြောင်ကြောင်လေး ပြန်​ဖြေလေသည်။

"ကောင်းပါတယ် ခင်ဗျ"

"မနေ့ကလှည်းမူးနေတာဆို"

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now