အခန်း (၁၁၅) ဂိုဏ်းချုပ်ချင်ဟာကုသိုလ်ကံကြီးပြီးအသက်ပြင်းသူပင်!

Start from the beginning
                                    

"ဘုရားကျောင်းအဟောင်း၊ မြင်းတင်းကုပ်အစုတ်၊ အိမ်ဟောင်းတံစက်မြိတ်အောက်... ဘယ်မှာမဆို အိပ်ဖူးတယ်" 

"မင်း တကယ်လို့ အမှန်အတိုင်း မပြောရင် မင်းက လာပြီး မွှေတာ ဟုတ်မဟုတ် ငါတို့က ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ?" 

ကျန်းရန်က သူ့ခေါင်းကို ပွတ်သပ်ပေးကာ - 

"မင်း ယူလာတဲ့ဆေးဆို ပိုလို့တောင် သုံးလို့မဖြစ်တော့ဘူးပေါ့" 

"ကျွန်တော် မကောင်းတဲ့လူ မဟုတ်ဘူး" 

ကလေးက ထိုစကားကြားသည်နှင့် လောကြီးစွာ ပြောသည်။ 

"မင်း မကောင်းတဲ့လူ မဟုတ်မှန်း ငါ သိတာပေါ့" 

ကျန်းရန်က ဆိုသည်။ 

"ဒါပေမဲ့ ခုနက သစ်ရွက်ကလေးနဲ့ ချန်းဖုန်းကလည်း မကောင်းတဲ့လူ မဟုတ်ဘူးလေ၊ ဒါပေမဲ့ မင်းလည်း သူတို့ကို မယုံခဲ့ဘူးမလား"

ကလေးသည် ထိုစကားကြားသော် တိတ်ဆိတ်သွားလျက် အတော်လေးကြာမှ သတ္တိမွေးကာ - 

"ကျွန်တော်က မိစ္ဆာဂိုဏ်းကနေ ထွက်ပြေးလာတာပါ!" 

ကျန်းရန်က ခေါင်းညိတ်လျက် မျက်နှာထက်က အမူအရာကလည်း သိပ်အံ့သြဟန် မပြပေ။ တကယ်လို့ မိစ္ဆာဂိုဏ်းနဲ့သာ မပတ်သတ်တဲ့လူဆို ဘယ်လိုလုပ်ပြီး ဒီအဆိပ်ကို ရနိုင်မှာလဲ။ 

"ဒါပေမဲ့ ကျွန်တော်က မကောင်းတဲ့လူ မဟုတ်ဘူးနော်" 

ကလေးက အလေးအနက်ပင် ထပ်မံ အသိပေးလာသည်။ 

"အဲ့တာဆို မင်း အခုပြောပြနိုင်မလား၊ မင်းက ဘယ်သူလဲ၊ ဘာလို့အဆိပ်ကို ယူလာနိုင်တာလဲ?" 

ကျန်းရန်က မေးသည်။ 

"ကျီ!" 

ဇာမဏီလေးက ခုန်ပေါက်ကာ ဝင်လာပြီး ပါးစပ်ကလည်း တစ်ခုခု ဝါးနေသေးသည်။ ကလေးက စိတ်ဝင်စားလျက် သူ့ထံ လက်လှမ်းလိုက်တော့ အမွေးလုံးက ချက်ချင်း ယိုင်တိယိုင်တိုင်နှင့် အနားတိုးကပ်ကာ လည်ပင်းကို ဆန့်လျက် ခေါင်းဖြင့် ပွတ်သပ်လာသည်။ 

အလွန်ပင် ချစ်စရာကောင်း၏! 

ကျန်းရန်က ဇာမဏီလေးကို ပွေ့မကာ ကလေး၏ ရင်ခွင်ထဲ ထည့်ပေးလိုက်သည်။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now