အပိုင်း ၄

Start from the beginning
                                    

သိသားပဲ ဒေါ်မြမြနှင်းရဲ့ ကိုကိုချစ်ခေါ်သံလေး လွမ်းနေတာနေမှာပေါ့ ဟမ့်။ဋီကာစိတ်ပေါက်ပေါက်နှင့်တွေးနေမိသည်။ထိပ်တုံးခတ်ခံရသည်မှာ သူ့အတွက်အဆန်းမဟုတ်သော်ငြား ယခုကဲ့သို့ အချိန်အကြာကြီးအခတ်ခံရသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။

ခါတိုင်းဒေါ်မြမြနှင်းရှိနေ၍ ယခုလိုတစ်ခါမှ နေ့မကူးဖူးပေ။ပြောရင်းမှ ယနေ့အမေရှိမနေရခြင်း အကြောင်းပြချက်ကို သတိရမိသည်။လူကမမြင်ရသေးဘူး စိတ်ဒုက္ခကအရင်လာပေးတယ်။လာပါစေအုံး တွေ့မှမှတ်လောက်သားလောက်အောင် ပညာပေးပစ်အုံးမယ်။

"အာစရိ"

"ပြော"

"ဒီနေ့ ကြီးတော်နှင်းတို့ ပြန်လာမှာမလား"

"အေး ကြားတာပဲ "

"တော်ပါသေးတယ် မနက်ဖြန်ထိတော့ နေ့မကူးလောက်တော့ပါဘူး"

"နေ့ကူးလည်း ပူမနေနဲ့ ငါတို့အိမ်ကထမင်းလာပို့မှာပါကွ"

"ပို့မှာပေါ့ သူတို့အတွက်နားအေးတာကိုး မဟုတ်ရင် ဘယ်သဝေထိုးပြီး ဘယ်သူနဲ့ရန်ဖြစ်နေမလဲ တွေးပူနေရတာကိုး"

"ဟီးဟီးဟုတ်တယ်ဗျ အိမ်ကဆို သူကြီးအတွက်တောင် ဟင်းတွေပိုချက်လာပေးသေးတယ် ကျေးဇူးတင်လွန်းလို့တဲ့ ဟားဟား"

စာကလေးစကားအဆုံး အားလုံးသဘောတကျရီမိကြလေသည်။ဟုတ်တော့လည်းဟုတ်သည်။ယခုကဲ့သို့ ခြေချုပ်မိနေခြင်းက သူတို့အတွက်တော့ သာယာတဲ့နေ့ရက်တွေပဲလေ။ဋီကာဘေးကနှစ်ကောင်မှာ အမွှာတွေဖြစ်သည့် ​ငပွေးနှင့်ငထွေးတို့ဖြစ်သည်။

ဋီကာ့ အိမ်နှင့်နှစ်လမ်းကျော် ဒေါ်စိန်တင်၏သားတွေပင်။ဒေါ်စိန်တင်၌ သားသမီးလေးယောက်ရှိကာ အမွှာသမီးကြီးနှစ်ယောက်နှင့်ငပွေးတို့အမွှာတစ်တွဲဖြစ်သည်။သမီးနှစ်ယောက်မှာ ပယင်းနှင့်ယမင်းတို့ဖြစ်ပြီး ရွာရှိကွမ်းတောင်ကိုင်တွေလည်း​ဟုတ်​လေသည်။ငပွေးတို့ညီအကိုမှာ ဆိုးသွမ်းသော်လည်း အစ်မတွေအားအတော်ချစ်ကာတွန့်တိုလေ၏။။ထို့​ကြောင့် ပယင်းတို့မှာအတော်လှသော်ငြား ဘယ်ကာလသားမှမစနောက်ရဲပေ။

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now