Part 7

96 6 0
                                    

ရွှေရင်အေး

အပိုင်း (၇)

#ရွှေရင်အေး

01220700

“ကလျာ…ညီရဲ့လား…”

အလုပ်သွားခါနီး အ၀တ်အစားလဲပြီးတာနဲ့ မှန်တင်ခုံမှာ ထိုင်ကာ စကင်ကဲနဲ့ မိတ်ကပ် မသိမသာ ပြင်ဆင်တော့ ကေ မယုံနိုင်ဖြစ်ရသည်။

မျက်ခုံးဆွဲပြီး ညီလား ကြည့်ခိုင်းတော့လည်း တာဝန်ဝတ္တရားအရ သေချာ ကြည့်ပေးမိသည်။

“သွားတော့မယ် ခင်ဗျ…ဒါနဲ့…မျက်နှာလိမ်းတဲ့တိုနာ နာမည် မေ့သွားပြန်ပြီခင်ဗျ…”

“ကေ စာပို့ထားလိုက်ပါမယ်…”

“ကျေးဇူးပါဗျ….”

ကေ့ကို လက်ပြပြီး အခန်းထဲက ထွက်သွားတော့ ကေလည်း ထိုင်နေရာက ထ လိုက်သွားရသည်။

အောက်ထပ်ကို ရောက်တော့ သူက ထမင်းစားပွဲမှာ ၀င်ထိုင်လိုက်ပြီး ကေ့ကို မျက်စပစ်ပြကာ လျှာနည်းနည်းထုတ်ပြတော့ အံသြမိသည်။

“ပေလား..”

နှုတ်ခမ်း အဖွင့်အပိတ် ဟန်လုပ်ပြီး ပြောနေတော့ ကေ နားလည်ဖို့ ခက်ခဲလွန်းသည်။

ဝက်ခြံပေါက်နေတဲ့ ဘက်ကို မိတ်ကပ်ထူထူလိမ်းထားရတယ်လို့ပြောသွားတာ သတိရတော့မှ ကေ သေချာကြည့်ပြီး ခေါင်းရမ်းပြလိုက်ရသည်။

ဖိုးဖိုး က ထမင်းစားပွဲမှာ ၀င်ထိုင်လိုက်တာနဲ့ သူက မျက်လွှာချ ငြိမ်သက်သွားတော့ ကေ လည်း ပန်းကန်တွေ နေရာရွေ့ပေးလိုက်သည်။

“…….”

လက်ဖက်ရည်ခွက်ဆီကို လက်လှမ်းပြီးမှ ကပျာကယာ ပြန်ဆုတ်သွားတာ သတိထားမိလိုက်သည်။

သူ့လက်သည်းကို ဖိုးဖိုးတွေ့မှာ စိတ်ပူနေတာ သိလိုက်တော့ ကေ ပဲ လက်ဖက်ရည်ခွက်ကို သူ့ရှေ့ အရောက် နေရာရွေ့ပေးလိုက်သည်။

ဒီနေ့မှ ဒေါ်အေးက နေမကောင်းလို့ ကေ ကိုယ်တိုင်ပဲ ရွှေတောင်ခေါက်ဆွဲ ချက်ထားမိသည်။

ခေါက်ဆွဲထဲ ထည့်စားရမဲ့ ပါဝင်ပစ္စည်းတွေကို ကြိုက်တာ စားလို့ရအောင် အဆင်သင့်ပြင်ထားမိသည်။

ရွှေရင်အေးWhere stories live. Discover now