Part 88

422 54 0
                                    

ရှင်ဟွိုင်ဝမ်က သစ်ပင် အရိပ်အောင်တွင် ရောက်နေသော ရှီးချီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းကို ပြန်လှည့်လိုက်သည်။

"အစက အဆုံးအထိ ငါ့ကို အရာအားလုံး ပြောပြစမ်း"

ဟွမ်ဖေးဖေးက မငြင်းရဲတော့ချေ။

သူမက ရှင်ဟွိုင်ဝမ်နှင့် တွေ့ခဲ့သည်မှာ ထိုအရိုးပြာအိုးကို ကျေးဇူးတင်ရမည်ဖြစ်သည်။ ယခုအခါ အရာအားလုံး ပေါ်သွားခဲ့ပြီ ဖြစ်သဖြင့် တစ်ဖက်သူ၏ ဇနီးဟောင်း၏ အရိုးပြာအိုးဖြစ်ကြောင်းကိုလည်း သိသွားပြီဖြစ်လေရာ သူမက ဒီဆက်ဆံရေးကို မထိန်းထားနိုင်မည်ကို စိုးရိမ်လာရသည်။ ထိုကြောင့် မနှစ်က စတင်ခဲ့သည့် အဖြစ်အပျက်များကို အားလုံးကို ပြောပြလိုက်သည်။

ထိုအချိန်က သူမက ရန်ကျင်း၏ ကုမ္ပဏီငယ်လေး တစ်ခုတွင် အလုပ်လုပ်နေသေးသည်။ ထိုကုမ္ပဏီ ငယ်လေးက အတွင်းပိုင်း အကြံအစဉ် အကွက်ချမှု တိုက်ခိုက်မှုပေါင်းများစွာ ရှိိနေပြီး ပတ်ဝန်းကျင်က အလွန်ရှုပ်ထွေးသည်။ ဟွမ်ဖေးဖေးကိုယ်တိုင်ကလည်း လူသစ်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူမက ဘေးဘက်သို့ ဖယ်ထုတ်ထားခံရပြီး ခိုင်းစရာရှိမှသာ အခေါ်ခံရသော အခြေအနေတစ်ခု ကြုံတွေ့သည်။ ထို့အပြင် ကုမ္ပဏီထဲမှ ကောင်လေးပေါင်း များစွာကလည်း သူမကို လိုက်ပိုးနေခဲ့ကြသေးသည်။ ထို့ကြောင့် အချို့သော အမျိုးသမီးများက သဘောမကျကြတော့ချေ။

ကုမ္ပဏီမှ စီစဉ်ပေးသော နေရာထိုင်ခင်းအရ သူမက တစ်ရုံးထဲမှ အခြားမိန်းကလေး တစ်ယောက်နှင့် တစ်ခန်းနေရသည်။ ထိုမိန်းကလေးက သူမထက် နှစ်အနည်းငယ် ပိုကြီးသည်။ ထို့အပြင် ကုမ္ပဏီသို့ ရောက်နေသည်မှာလည်း နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည်။ သူမက ထိုနေရာတွင် စနေကတည်းက ထိုမိန်းကလေးက တစ်ယောက်ထဲနေနေရာမှ သူမနှင့်အတူ ပေါင်းနေရသည်။ ထို့ကြောင့် အချိန်တစ်ခု ကုန်လွန်လာပြီးနောက် သူတို့ စတင်ပြီး စကားများလာသည်။

လစဉ် ပေးဆောင်ရသော လျှပ်စစ်မီးဖိုးနှင့် ရေဖိုးတွင် သူမက ပိုပေးနေရသည်။

ဟွမ်ဖေးဖေးကလည်း သူမ အဆောင်တွငနေချိန်က ပိုက်ဆံအနည်းငယ်သာလျှင် သုံးခဲ့ကြောင်းကို မှတ်မိခဲ့သေးသည်။ ထို့အပြင် သူက များများစားစားလည်း ချက်မစားခဲ့ပေ ဒီအတိုင်း ညဘက်ပြန်လာမှသာ ရေချိုးရုံသာ လုပ်ခဲ့သည်။ ထို့အပြင် ထိုအချိန်က သူမ၏ မိုဘိုင်း ဖုန်းကို အားသွင်းသည်။ ကွန်ပျူတာကို အားသွင်းသည်။ ထိုမျှလောက်သာ လုပ်မိခဲ့ခြင်းဖြစ်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now